နယ်မြေစုံစမ်းရန် အိမ်စီးကားဖြင့် ထွက်လာသော ရဲ ၄ ဦးကို KPDF က အရှင်ဖမ်းမိ

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်း နယ်မြေစုံစမ်းရန် အိမ်စီးကားဖြင့် ထွက်လာသော ရဲ ၄ ဦးကို KPDF က အရှင်ဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်း နယ်မြေစုံစမ်းရန် အိမ်စီးကားဖြင့်ထွက်လာသော အရပ်ဝတ် ရဲ ၄ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း KPDF သတင်းရင်းမြစ်ကပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် နေ့တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ အမှတ် ၁ ရပ်ကွက်အတွင်း နယ်မြေသတင်းရယူရန် IPsum ကားဖြင့် အရပ်သား အဝတ်အစားများ ဝတ်ဆင်ကာ ထွက်လာသည့် ဒုရဲအုပ် နိုင်ထူး၊ ဒုရဲအုပ် သူရမိုး၊ ဒုတပ်ကြပ် အောင်မြင့်ကျော်၊ တပ်သား တင်ထွန်းဝေတို့ကို KPDF ရဲဘော်များက ပစ်ခတ်ဖမ်းဆီးရာ အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရပ်သားကားနဲ့လာပြီး အရပ်ဝတ် အဝတ်အစားနဲ့ နယ်မြေကင်းလှည့်ရင်း သတင်းစုံစမ်းဖို့လာတာ။ KPDF တပ်ဖွဲ့တွေက သိပြီး သေနတ် ပစ်ဖမ်းတာ၊ ကားမှာတော့ ကျည်ရာတွေချည်းပဲ။ ပစ်ဖမ်း တာဆိုတော့ ဒဏ်ရာတော့ ရနိုင်တယ်လို့ ယူဆရတယ်။ လောလောဆယ်တော့ အရှင်ဖမ်း မိတာပဲ သိရတယ်။ သေမသေတော့ အတည်ပြု မရသေးဘူး” ဟု KPDF သတင်းရင်းမြစ်က ပြောကြားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *