လက်ခံညှိနှိုင်းမည် မဟုတ်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီ ထုတ်ပြန်

အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက် လက်ရှိနိုင်ငံရေးပြဿနာကို ပိုဖန်တီးခြင်းဖြစ်၍ လက်ခံညှိနှိုင်းမည် မဟုတ်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီ ထုတ်ပြန်

အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် လက်ရှိနိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့တွင် ထုတ်ပြန်သည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီအနေဖြင့် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သော ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး ကရင်နီပြည်အတွင်း ၎င်းတို့ မတရားလုပ်ဆောင်မှုများကို တားမြစ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

အခြားသော ဖက်ဒရယ်ယူနစ်များနှင့် ပြည်နယ်များလည်း လူထုဆန္ဒအတိုင်း ညီညာစွာ ဆက်လက်ရပ်တည်ကြရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီကို နိုင်ငံတဝှမ်းလုံးက ဆန့်ကျင်ကြသဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားမှာ တရားဝင်မှုမရှိတော့သည့်အခြေအနေတွင် စစ်ကောင်စီက ပြည်သူများအား အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း၊ သန်းခေါင်းစာရင်း ကောက်ယူရန်အားထုတ်လာခြင်း၊ နိုင်ငံရေးထွက်ပေါက်ရှာလို၍ ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းလာခြင်း၊ ဒီမိုကရေစီအင်အားစုများကြား သွေးခွဲရန်ရည်ရွယ်ချက်ဖြင့် အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းခြင်း စသည် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လာခြင်းဖြစ်သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီက ထုတ်ပြန်ဖော်ပြသည်။

စစ်ရာဇဝတ်မှုတွေ အမြောက်အမြားကျူးလွန်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ မည်သည့်နိုင်ငံရေး ထွက်ပေါက်မျိုးကိုမဆို ခွင့်ပြုမှာမဟုတ်ဘူးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

စစ်ရာဇဝတ်မှုတွေ အမြောက်အမြားကျူးလွန်ထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ မည်သည့်နိုင်ငံရေးထွက်ပေါက်မျိုးကိုမဆို ပါဝင်မှာမဟုတ်သလို ခွင့်ပြုမှာ လည်း မဟုတ်ဘူးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စက်တင်ဘာလ (၂၈) ရက်က တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံရေးဆွေးနွေးမှု ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီးကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက အဲ့ဒီလို တုန့်ပြန်လိုက်တာပါ။

တရားမဝင်အာဏာသိမ်းစစ်တပ်က ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး လူထုထံမှအာဏာသိမ်းယူကာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စဉ်ဆက် မပြတ်ကျူးလွန်ခဲ့တာလို့ ထောက်ပြပါတယ်။

စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ပြည်သူ့ဆေးရုံတွေ၊ ဘာသာရေးအဆောက်အဦးတွေနဲ့ ပြည်သူလူထုအိုးအိမ်တွေကို ပစ်မှတ်ထား လက်နက်ကြီးအပြင် လေကြောင်းနဲ့ပါတိုက်ခိုက်မှုတွေကို မြန်မာနိုင်ငံအနှံ့ကျူးလွန်ခဲ့မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးများအပါအဝင်အပြစ်မဲ့ပြည်သူအမြောက်အမြား ထိခိုက်သေဆုံးခဲ့ကြရတယ်လို့ ထောက်ပြပါတယ်။

အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို လူထု ပေါင်းစုံမှတက်ညီလက်ညီ ဆန့်ကျင်ကြလို့ သူတို့အုပ်ချုပ်ရေးယန္တရားတွေ တရားဝင်မှု မရှိတော့တဲ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှုမှာလည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သက်ရောက်မှုမရှိတော့ဘူးလို့ ထောက်ပြပါတယ်။

ဒီအခြေအနေမှာ တရားမဝင်အာဏာသိမ်းစစ်တပ်က ပြည်သူများအားအတင်းအဓမ္မစစ်မှုထမ်းစေတာ၊ သန်းခေါင်စာရင်းကောက်ယူဖို့ အားထုတ်လာတာ၊ နိုင်ငံရေးထွက်ပေါက်ရှာလို၍ ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးပမ်းလာတာ၊ ဒီမိုကရေစီအင်အားစုတွေအကြား သွေးခွဲရန်ရည်ရွယ်ချက်နဲ့ အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းတာ စတဲ့အချက်တွေ ပါဝင်တဲ့ ထုတ်ပြန်ချက်တခုကို ပြုလုပ်လာတာလို့ ထောက်ပြပါတယ်။

တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ဖိတ်ခေါ်ချက်က လက်ရှိ နိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကိုပိုမိုဖန်တီးစေမဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ရှုမြင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီက တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမှာ မဟုတ်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး ကရင်နီပြည်အတွင်း သူတို့ရဲ့မတရား လုပ်ဆောင်မှုတွေကို တားမြစ်သွားမယ်ဆိုတာ ကြေညာချက်မှာ အသိပေးထားပါတယ်။

တခြားသောပြည်နယ်တွေနဲ့ ဖက်ဒရယ်ယူနစ်တွေအနေနဲ့ လူထုဆန္ဒအတိုင်း ညီညွတ်စွာ ဆက်လက်ရပ်တည်ကြဖို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *