မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၄ ဦး အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပေါ်တွင် မိုင်းရှင်းရန် ထွက်လာသော အကြမ်း ဖက်စစ်သားများနှင့် ဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ် သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Daung Karyan က ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်က ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်တပ် ဂိတ်မှ ရေပိုးစားဘက်သို့ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက်စစ်သား အင်အား ၃၀ ခန့် သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အဆင်သင့်ပြင်ဆင်ထားသော မိုင်းပွိုင့်အနီးသို့ ရောက်ရှိ လာသဖြင့် ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲပြီး နာရီဝက်လောက်နေတော့ နတ်ရေကန်ဂိတ်ကနေ ကားနဲ့လာခါ်သွားတယ်၊ ဒဏ်ရာရသူ တွေရော ကျန်တဲ့သူတွေရော အကုန်ပြန်ခေါ်သွားတာ။ သေတာတော့ မကြားမိသေးဘူး လက်နက် ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိပေ့မယ် ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Daung Karyan ကပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ချောင်းဦးမြို့နှင့် ငါးယှဥ်ကျေးရွာကြား သံလွင် မြန် မာဆီဆိုင်ရှေ့တွင် လမ်းသွားလမ်းလာပြည်သူများ၏ ကားများကို တားဆီး ကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို ရှော့တိုက်ဒုံး လက်နက်ကြီးများဖြင့် ၂၄ လုံး ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“ရှော့တိုက်ဒုံး ၂၄ လုံးနဲ့ ပစ်ခဲ့တာ၊ သူတို့က ချောင်းဦးမြို့အထွက် နဲ့ စခဂိတ်ကြားထဲမှာ လုပ်တာဆို တော့ အနီးကပ်သွားကြည့်လို့မရခဲ့ဘူး။ အဲဒါဆိုတော့ ထိခိုက်မှုရှိ၊ မရှိနဲ့ ပစ်မှတ်နေရာ ထိရောက်မှုရှိ ၊ မရှိက မသိရဘူး။ သေချာတာကတော့ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူး” ဟု People’s Defence Force – South Monywa တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Daung Karyan က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Myinmu Local Defence Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *