မတ္တရာမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅ ရပ်ကျေး ပကဖ သင်တန်းပြီးစီး

မန္တလေးဒေသ၊ မတ္တရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ၊ မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ရဲ့ အပတ်စဉ် ၅ ရပ်ကျေး ပကဖ သင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် ၃ ရဲ့ အပတ်စဉ် ၅ ရပ်ကျေး ပကဖ သင်တန်းဆင်းပွဲနဲ့ ရပ်ကျေးသတ်မှတ်ဝတ်စုံတွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းနဲ့ မတ္တရာမြို့နယ် တိုက်နယ် ၃ အတွင်း စကစရဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ ကူညီပါဝင်တဲ့ ဘယ်သူ့ကိုမဆို ပြတ်သားစွာ အရေးယူသွားမှာ ဖြစ်တယ်လို့ မတ္တရာ ပကဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *