ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့

မန္တလေး၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးတွင် ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့

အကြမ်းဖက် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေး၊ နန်းတွင်းအနီးတွင် ယနေ့ နံနက်အစောပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း မန္တလေးမြို့မှ ပြည်သူများက ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် မန္တလေးနန်းတွင်းအနီးတွင် ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း၊ မန္တလေးနန်းတွင်းအထဲတွင် ကျရောက်ပေါက်ကွဲသည်ဟု ယူဆရကြောင်း၊ အသံအလွန်ကျယ်လောင်ပြီး ပေါက်ကွဲမှုကြောင့် တုန်ခါသွားသည့် အခြေအနေမျိုး ခံစားရသည်အထိ ပေါက်ကွဲမှုပြင်းထန်ကြောင်း သိရှိရသည်။

“ဒီမနက် ၂ နာရီ ၃၈ မိနစ်မှာ ရွှီး ဒိုင်းဆိုတဲ့ အသံကြီး ကြားရတယ်။ ပြီးတော့ ပေါက်ကွဲသံတွေပါ ကြားရတယ်။ ပေါက် ကွဲသံက ၄ ချက် ။ ကိုယ့်အိမ်ပေါ်ကနေ ဒုံးတွေများ ဖြတ်ပြေးသွားသလားတောင်ထင်ရတယ်။ ပေါက်ကွဲမှုက အတော် ပြင်းပုံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ ပုသိမ်ကြီးမြို့နယ်မှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် ပေါက်ကွဲသံများကြောင့် လန့်နိုးလာခဲ့ရပြီး ပေါက်ကွဲသံများသည် ဆက်တိုက် ၃ ကြိမ်ခန့်ကြားရသည်ဟုပြောဆိုသည်။

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မကြာခဏဆိုသလို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိရာ စက်တင်ဘာလ ၃ ရက်နေ့ကလည်း နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ညတုန်းက နန်းတွင်းထဲကို သီတင်းကျွတ်လက်ဆောင်
ရှိုက်တော့ ဒန်ပြုံး လေးတွေ လွှတ်ပေးနေတာ

လူငယ်ရဲဘော်တွေက
မှတ်ပလားကွ ဒါ နန်းတွင်းက ခဝေးတွေ အတွက်
သီတင်းကျွတ်လက်ဆောင်ကွ
နန်းတွင်းက ခဝေးဆိုတာ မင်းတို့လားကွ
မင်းတို့ကို တကောင်မှ အရှား မထင်ဘူး
မှတ်ထားကွ၊
မိုးချိန်းတာ မဟုတ်ဘူး
မင်းတို့ကို မိုးကြိုးပစ်နေတာ

အားရပါးရ
မန်းတီးကြီးတွေ တခုပြီး တခု အမှောင်ထုကနေတက် ရွှီးကနဲ ဝှီးကနဲ

လူထုကို အနင့်ကြိုင်ခဲ့တဲ့ လေးပါးဆက်
နန်းတွင်းထဲက ငရေးခွဲ တအုပ် ကျီးပြိုသလို ငိုနေလောက်ပြီ။

ဒါ ပြည်သူ့ အောင်ပွဲ၊ အမှန်တရားရဲ့ အောင်ပွဲ
နိုင်ငံတော်သစ် ထူထောင်ဖို့ အစမ်းလေ့ကျင့်နေတဲ့ ပွဲ။

ဆက်နွဲကြပါ ပြည်ချစ်ရဲဘော်တို့
နေမျိုးဇင်


Comments

Leave a Reply

Your email address will not be published. Required fields are marked *