ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိခဲ့ကြောင်း Shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်မှ စက်တင်ဘာလ ၂၇ရက်နေ့ အထိ ရွှေဘိုမြို့နယ်၊ ပြည်သူ့စစ်ကျေးရွာ များဖြစ်သည့် သီလုံး(ပသစ) ကျေးရွာ ထိုင်ကင်းကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် Drone ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပန်းရံရွာရှိ ပြည်သူ့စစ်ဂိတ်စခန်းတွင် ခရီးသွား ပြည်သူများထံမှ ဆက်ကြေး ကောက်ခံနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဗုံးသီး ၃ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် မင်္ဂလာရွာ ပြည်သူ့စစ် ကင်းစခန်းကို ထပ်မံပြီး ဒရုန်း ဗုံးသီး ၂ လုံး နှင့် ဇီးကုန်းလေးရွာ ပြည်သူ့စစ် ဘန်ကာကို ဒရုန်း ဗုံးသီး ၁ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုများအတွင်း သီးလုံးပျူစေထီးရွာကို ရောက်ရှိနေသော ဇီးဖြူကုန်းရွာမှ ပျူစောထီး မောင်ကောင်း နှင့် မင်္ဂလာရွာ ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပန်းရံပျူစောထီးရွာ၌ ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ M . S . N ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (ဝလ) ၊ စွန်ရဲရွှေဘို ဒေသခံ ၊ ရွှေဘိုအားမာန် ၊ (LDF) ၊ BO BA Taw ၊ shwe bo FederalArmy ၊ Snake Eye ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုသားပြည်သူကာကွယ်ရေးအဖွဲ့ ၊ YAUNG NI ၊ HG FIGHTRS ၊ Zay Yar Thawed ၊ EYE FOR EYE ၊ Flying Dragon Force ၊ ကိုသူရိန် အဖွဲ့၊မဟာမိတ် ဖြစ်သေား ရွှေဘိုခရိုင် တပ်ရင်း (၄) ဗိုလ်လင်းရောင်(ဒပယ) ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဇာမဏီဒေါင်း (ဒပယ) တို့ ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *