ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု၏ အပတ်စဉ် ၃ တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲပြုလုပ်

ကရင်နီဒေသ တစ်နေရာတွင် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU)က ကြီးမှူးကျင်းပသော အပတ်စဉ် ၃ တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ထိုသင်တန်းဆင်းပွဲတွင် SSLRU ၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မဟာမိတ်တပ်ဖွဲ့အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ပြီးသင်တန်းသားရဲဘော်များက သစ္စာဓိဌာန် ရွတ်ဆိုခြင်းနှင့် အလေးပြုခြင်း ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဧည့်သည်တော်များက အမှာစကားပြောကြားခြင်းနှင့် သင်တန်းသားများကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *