သန်းခေါင်စာရင်းကောက်ယူမှုကို ပူးပေါင်းပါဝင်လုပ်ဆောင်နေသည့် Non-CDM ဝန်ထမ်းများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမည်

သန်းခေါင်စာရင်းကောက်ယူမှုကို ပူးပေါင်းပါဝင်လုပ်ဆောင်နေသည့် Non-CDM ဝန်ထမ်းများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမည်ဟု တောင်သာ ပကဖ ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲအကြောင်းပြကာ ပြည်သူများ၏ ကိုယ်ရေးအချက်အလက် သန်းခေါင်စာရင်းကောက်ယူနေသည်ကို ပူးပေါင်းပါဝင်ပတ်သက်နေကြသော Non-CDM ဝန်ထမ်းများကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောကြားသည်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ပြည်သူများအ အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ကိုယ်ရေးအချက်အလက် ကောက်ယူခြင်းဖြစ်သည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပကဖ အနေနဲ့ ပြင်းပြင်းထန်ထန်ထုတ်ပြန်ထားတာပါပဲ၊ အဲဒီအထဲမှာ စစ်ရေးပစ်မှတ်ဆိုတဲ့ ကိစ္စရပ်ပါပါတယ်။ သာမန်အရပ်သားဆင့်ထက်ကျော်လွန်ပြီး အကြမ်းဖက်စစ်ကောင်စီကို တနည်းနည်းနဲ့ ထောက်ပံ့ပြီး ပံ့ပိုးနေတဲ့ အချက်အလတ်ခိုင်လုံစွာရရှိတာနဲ့ စစ်ရေးပစ်မှတ်ဖြစ်လာပါတယ်။ Non-CDM ဝန်ထမ်းတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုလုပ်ရပ်တွေကိုသေချာ နားလည်သဘောပေါက်ပြီး မိမိတို့ကိုလည်း ဒီကျူးလွန်မှုတွေမှာပါဝင်အောင် တစ်နည်းတစ်ဖုံဖြင့် ခိုင်းစေခြင်းဖြစ်နေတယ်ဆိုတာ နားလည်သဘောပေါက်စေချင်ပါတယ်”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

ပြည်သူများအနေနှင့်လည်း သန်းခေါင်စာရင်း ကောက်ယူမှုသည် အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် မိမိတို့၏ သား၊သမီးများကို ထိုးအပ်လိုက်သကဲ့သို့ ဖြစ်သည်ကို သဘောပေါက်ပြီး အကင်းပါးပါးနှင့် ရှောင်ရှားရန် ပြောကြားလိုကြောင်း တောင်သာ ပကဖ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူနေမှုကို Non-CDM ဝန်ထမ်းများက ဝန်းရံကူညီကောက်ခံနေသည်ကို သိရှိရကြောင်း၊ ထိုသို့ စစ်ကောင်စီ၏လုပ်ရပ်ကို ပူးပေါင်းပါဝင်ပတ်သတ်နေကြသော Non-CDM ဝန်ထမ်းများကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *