သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်နေတဲ့ Non CDM ဝန်ထမ်းတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်

သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်နေတဲ့ Non CDM ဝန်ထမ်းတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မယ်လို့ တောင်သာ-ပကဖ သတိပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲ စစ်အုပ်စု သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်နေတဲ့ Non CDM ဝန်ထမ်းတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ တောင်သာ မြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( တောင်သာမြို့နယ်-ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုဟာ တောင်သာမြို့နယ် မြို့ပေါ်ရပ်ကွက်တချို့နဲ့ သူတို့ထိန်း ချုပ်ထားတဲ့ ကျေးရွာအချို့မှာ သန်း ခေါင်စာရင်း ကောက်ယူနေတာဖြစ်ပြီး အဲဒီလို သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်နေတဲ့ Non CDM ဝန်ထမ်း တွေကို အရေးယူနိုင်ဖို့ စာရင်းရယူစုဆောင်းနေတယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

“သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်နေတဲ့သူတွေရဲ့ စာရင်းကိုတော့ ကျွန်တော်တို့ ရယူစုဆောင်းနေပါတယ် ဗျ။ အဲဒီလို စာရင်းရရှိမှလည်း ရှေ့ ဆက်ပြီးတော့ အရေးယူမှုအပိုင်းတွေ လုပ်ဆောင်လို့ရမှာပါ။ အဓိက,ကတော့ လူ ထုကို မထိခိုက်စေဘဲ ကျူးလွန်သူတွေကို အရေးယူသွားဖို့ပါ။ အရေးယူတာနဲ့ပတ်သက်ပြီး ကျူးလွန်သူ အပေါ်မှာ လည်း မူတည်ပါလိမ့်မယ်” လို့ တောင်သာမြို့နယ်-ပကဖ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ တောင်သာမြို့ပေါ် ၆ ရပ်ကွက်ကို စစ်အုပ်စုက လုံခြုံရေးအပြည့်နဲ့ သန်းခေါင်စာရင်း စတင်ကောက်ယူ နေသလို စစ်အုပ်စု နယ်မြေရဲစခန်းရှိတဲ့ ရုံးစည်ကြီး၊ ဝဲလောင်၊ ဇဂျမ်းနဲ့ ကျောဇီ စတဲ့ ရွာတွေကိုလည်း ကောက်ယူ သွားဖို့လုပ်ဆောင်နေတယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီလို စစ်အုပ်စုက ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို သန်း ခေါင်စာရင်း ကောက်ယူရာမှာ Non CDM ဝန်းထမ်းတွေပါ ဝိုင်းရံကူညီပေးနေတာတွေ့ရပြီး စစ်ကောင်စီရဲ့ လုပ်ရပ်မှာ ပူးပေါင်းပါဝင်ပတ်သက်နေကြတဲ့ Non CDM ဝန်ထမ်းတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးအပ်တယ်လို့ တောင်သာမြို့နယ်-ပကဖ က အောက်တိုဘာလ ၂ ရက် ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

“စစ်ရေးပစ်မှတ်အထိ ဖြစ်နိုင်တယ်ဆိုတာကလည်း အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ် ရှားမှုတွေထဲမှာ မိမိဆန္ဒသဘောထားအလျောက် လိုက်ပါဆောင်ရွက်နေတဲ့သူ တနည်းအားဖြင့် ပြောရရင် စစ်ရေး သတင်း ထောက်လှမ်းသူတွေကတော့ လက်နက်ကိုင်ဆောင်ခြင်းမရှိလည်း စစ်ရေးပစ်မှတ်သာ ဖြစ်ပါတယ်ဗျ”လို့ တောင်သာမြို့နယ်-ပကဖ တာဝန်ရှိသူက ဆိုပါတယ်။

ပြည်သူ့အာဏာကို အကြမ်းဖက်လုယူထားတဲ့ စစ်အုပ်စုက လက်ရှိသူတို့ စိုးမိုးထားတဲ့နယ်မြေတွေမှာ ရွေးကောက်ပွဲ အကြောင်းပြပြီး ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက် ကောက်ယူနေတာဟာ ပြည်သူတွေကို အတင်း အဓမ္မ စစ်မှုထမ်းခိုင်းဖို့ ကိုယ်ရေးအချက်အလက် ကောက်ယူတာဖြစ်တယ်လို့ တောင်သာမြို့နယ်-ပကဖ ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်အုပ်စုဟာ တောင်သာမြို့ပေါ်နဲ့ စစ်အုပ်စုအထိုင်စခန်းရှိရာနေရာတွေမှာသာ သန်းခေါင်စာရင်း ကောက်ယူနေတာဖြစ်ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နယ် မြေစိုးမိုးထားတဲ့ ကျေးရွာတွေမှာတော့ သန်းခေါင်စာရင်း လာရောက် ကောက် ယူတာ မရှိဘူးလို့ဆိုပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင် နွားထိုးကြီးမြို့ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီးနောက် စစ်အုပ် စုတွေသာ ပြန်လည်အထိုင်ချထားပြီး Non CDM ဝန်ထမ်းတွေ ထွက်ပြေးသွားကြတဲ့အတွက် သန်းခေါင်စာရင်း ကောက်ယူတာမရှိသေးဘူးလို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မြင်းခြံခရိုင်ထဲမှာ ဩဂုတ်လ ၁၀ ရက်က စတင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက အထူးစစ်ဆင်ရေးဆင်နွှဲကာ မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့ပေါ်တွေက စစ်အုပ်စု စခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် အုပ်ချုပ်ရေး ယန္တရားတွေ ရပ် ဆိုင်းသွားခဲ့ပေမဲ့ လက်ရှိမှာ မြင်းခြံနဲ့ တောင်သာမြို့တွေမှာ အောက်တိုဘာလ ၁ ရက်က စတင်ပြီး စစ်အုပ်စုက ပျူစောထီး ၊ မီးသတ်၊ လဝက၊ ပညာရေးဝန်ထမ်း၊ ထွေအုပ် စတဲ့ Non CDM ဝန်ထမ်းတွေအပါအဝင် လုံခြုံရေး အ ပြည့်နဲ့ သန်းခေါင်စာရင်း စတင်ကောက်ယူနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *