အောင်မင်္ဂလာအဝေးပြေး ကားဝင်းအနီးရှိ စရဖဝင်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းအနီးရှိ စရဖဝင်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်း အနီးရှိ အကြမ်းဖက် စစ်တပ်၏ စရဖဝင်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column (R.U.C) စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ ည ၇ နာရီ ၁၇ မိနစ်ခန့်တွင် အောင်မင်္ဂလာအဝေးပြေး ကားဝင်း အရှေ့ရှိ စရဖဝင်းကို RUC စစ်ကြောင်းမှ ရဲဘော်များက ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ၄၀ မမ ဗုံးသီး ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပထမအကြိမ် တွင် ဗုံးသီး ချို့ယွင်းချက် ဖြစ်သွားခဲ့ပြီး ဒုတိယအကြိမ် ထပ်မံ ပစ်ခတ်ခဲ့ရာ လိုအပ်သော ပစ်မှတ်ကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေနှင့် စရဖ ရုံးဝင်း အတွင်း ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“UG ရဲဘော်တွေကို လိုက်လံ ဖမ်းဆီးနေတဲ့အတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု Rangoon Urban Column (R.U.C) စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *