အမေရိကန်ပြည်ထောင်စုတွင် TikTok အသုံးပြုခွင့်ပိတ်ရန် တရားရုံးဆုံးဖြတ်

တရုတ်ကုမ္ပဏီ ByteDance ၏ အောင်မြင်နေသည့် ဗီဒီယိုအက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Tik Tok ကို လက်လွှဲ ရောင်းချခြင်းမပြုပါက အမေရိကန်ပြည်ထောင်စုတွင် လာမည့်နှစ်ဆန်းပိုင်းမှစ၍ သုံးစွဲခွင့်ပိတ်ပင်ခံရဖွယ်ရှိနေသည်။

တရားရုံးတွင် အယူခံတင်ထားမှုကို မြန်မာစံတော်ချိန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့၌ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

TikTok ကို အမေရိကန်ပြည်ထောင်စုတွင် သုံးစွဲခွင့်ပိတ်ပင်ရန် ဧပြီလအတွင်းက ပြည်ထောင်စုတရားရုံးတွင် တရားစွဲဆိုခံရခြင်းဖြစ်သည်။

အဆိုပါ တရားစွဲဆိုချက်နှင့်ပတ်သက်၍ ဒီဇင်ဘာလ (၇)ရက်နေ့က စစ်ဆေးဆုံးဖြတ်ရာတွင် တရုတ်နှင့် ဆက်နွှယ်နေသည့်အတွက် အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဇန်နဝါရီလ (၁၉)ရက်နေ့မတိုင်မီ အယူခံတက်နိုင်မည်ဖြစ်သည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုမှ သုံးစွဲသူပေါင်း သန်း (၁၇၀)ရှိနေသည့် TikTok ကို ခွင့်ပြုမည်မဟုတ်ဟု ပြောကြားထားခြင်းဖြစ်သည်။

ယခု တရားရုံးဆုံးဖြတ်ချက်ကြောင့် လာမည့်နှစ် ဇန်နဝါရီလ (၁၉)ရက်နေ့မှစ၍ TikTok ကို ဆက်လက်သုံးစွဲခွင့်ပြုသည့် နည်းပညာကုမ္ပဏီများအနေဖြင့် ဘီလျီယံနှင့်ချီ၍ ဒဏ်ကြေးဆောင်ကြရဖွယ်ရှိသည်။

TikTok အသုံးပြုမှုကို အကန့်အသတ်ဖြင့်ဖြစ်စေ၊ လုံးဝပိတ်ပင်ခြင်းဖြစ်စေ နည်းလမ်းမျိုးစုံဖြင့် ပိတ်ပင်ထားသည့် နိုင်ငံပေါင်း (၃၀)အထက်တွင်ရှိနေပြီဖြစ်ပြီး တရုတ်နိုင်ငံတွင် TikTok ကိုအသုံးပြုခွင့်ပေးမထားဘဲ ၎င်းတို့ပြည်တွင်းအတွက် သီးသန့်ထုတ်လုပ်ထားသည့် Douyin ကိုသာ အသုံးပြုခွင့်ပေးထားခြင်းဖြစ်သည်။

Source: U. S. News

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top