တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပနေရာတွင် စတုတ္ထနေ့ ဖြေဆိုပြီးချိန်တွင် စစ်ဖြစ်ရာဒေသ အပါအဝင် မြို့ကြီးများတွင် စာမေးပွဲဖြေဆိုသူလျော့ကျလာကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစတင်ဖြေဆိုရသည့်မတ် ၁၇ ရက်နေ့တွင် ဖြေဆိုသူ ၂၀၈,၈၈၉ ဦးရှိရာမှ မတ် ၂၀ ရက်နေ့တွင်ဖြေဆိုသူ ၁၈၇,၉၄၈ ဦးရှိပြီး ပျက်ကွက်သူ ၂၀၉၄၁ ဦးရှိကြောင်း သိရသည်။
စာမေးပွဲဖြေဆိုသူလျော့ကျရာ၌ ရခိုင် ၁,၃၉၁ ဦီး၊ မန္တလေးတွင် ၁,၁၃၇ ဦး၊ ရန်ကုန်တွင် ၁,၈၀၃ ဦး၊ ဧရာဝတီတွင် ၁,၀၁၂ နှင့် ကချင်တွင် ၁၀၉၄ ဦးပျက်ကွက်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စာစစ်ဌာနဖွင့်လှစ် နိုင်ခြင်းမရှိခြင်း နှင့် ရှမ်းမြောက်ဒေသရှိ စစ်ဘေး ရှောင်များတွင် စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိသူများပြားကြောင်း Non CDM ပညာရေးဝန်ထမ်း များထံမှ သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းလွှာတွင် အင်္ဂလိပ်စာဘာသာရပ်မေးခွန်း ခက်ခဲကြောင်း သိရပြီး ဖြေဆိုနိုင်သူနည်းပါးကြောင်း Non CDM ဆရာ၊ဆရာမများထံမှ သိရသည်။
“ ဒီနှစ်မေးခွန်းသတ်တာက အင်္ဂလိပ်စာပဲ ။ စာမေးပဲမဖြေနိုင်တာတွေသူတွေရှိတယ်။ ဆက်ဖြေကြတာ များပါတယ်” ဟု အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် ကရင်နီ(ကယား)ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်း(မြောက်) နှင့် ရခိုင်ပြည်နယ်တို့တွင် စာစစ်ဌာန ၁ ခုမှ ၈ ခုအတွင်းသာရှိကြောင်း သိရသည်။
ယနေ့မတ်လ ၂၁ ရက်နေ့တွင် ရူပဗေဒ/သမိုင်းဖြေဆိုရပြီး စာမေးပွဲနောက်ဆုံးရက် ၂၂ ရက်နေ့တွင် ဇီ၀ဗေဒ/ဘောဂဗေဒတို့ကို ဖြေဆိုရမည်ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်