စစ်ကိုင်း – မုံရွာလမ်း၊ ညောင်ပင်ဝန်းရွာအနီးမှာ စစ်အုပ်စုက စိတ်မနှံ့သူတစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီး၊ စစ်ကိုင်း – မုံရွာလမ်းပေါ် ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုက ယမန်နေ့ ညနေပိုင်းအချိန် လမ်းပေါ် သွားလာနေတဲ့ စိတ်ရောဂါရှိသူ ဒေသခံ အမျိုးသားတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မတ်လ ၂၀ ရက် ညနေ ၄ နာရီခွဲလောက်က စစ်ကိုင်း – မုံရွာလမ်း၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးရွာအနီး၊ သံလမ်းဘေးမှာ စစ်အုပ်စုက စိတ်ရောဂါရှိသူ ဒေသခံအမျိုးသားတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ထားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူဟာ စစ်ကိုင်းမြို့နယ် လယ်ကြီးရွာက စိတ်မနှံ့သူ အမျိုးသား ဖြစ်ပြီး ညောင်ပင်ဝန်း စခန်း ထဲကနေ ထွက်လာတဲ့ စစ်အုပ်စုက သတ်ဖြတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ညောင်ပင်၀န်းနဲ့ လယ်ကြီးကြားက သံလမ်းဘေးမှာ ကင်းပုန်းဝပ်တဲ့ ခွေးတွေက ပစ်သတ်သွားတာ။ အဲ့ဒီ စိတ်မနှံ့တဲ့သူတဲ့ သူတို့ ကင်းပုန်း၀ပ်ချိန် ဟိုကြည့် ဒီကြည့် လုပ်လို့ဆိုပြီး ပစ်သတ်သွားတာတဲ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလောင်းကို ဒေသခံတွေက ကောက်ယူကာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်း – မုံရွာ ကားလမ်းပေါ်မှာ စစ်အုပ်စုက ကင်းပုန်းဝပ်တာ၊ ဂိတ်ဖွင့်ငွေညှစ်တာတွေ လုပ်နေပြီး လမ်းသွားလမ်းလာတွေကိုလည်း စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က မိုင်းဆွဲနိုင်မဲ့ နေရာကို ကင်းပုန်း၀တ်တာ။ ပြည်သူက လယ်/ခြံ အလုပ်သွားရင် အဲ့ဘက်ရောက်သွားလို့ သူတို့ မသင်္ကာရင် ပစ်တယ်”

မန္တလေး – စစ်ကိုင်း – မုံရွာလမ်းနဲ့ မန္တလေး – စစ်ကိုင်း – ရွှေဘို ကားလမ်းတလျှောက် စစ်အုပ်စုက ဂိတ်တွေ ဖွင့်ကာ ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေသလို စစ်အုပ်စု ကားတွေ ဖြတ်သန်းသွားလာတိုင်း ဒေသခံတော်လှန်ရေး တပ်တွေက မိုင်းဖောက်ခွဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ကိုင်း – မုံရွာ လမ်းမှာ စိတ်မနှံ့သူတစ်ဦးကို စစ်အုပ်စုက သတ်ဖြတ်စွန့်ပစ်ထားခဲ့စဉ်/Photo – YP

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top