တောင်ငူတွင် စာမေးပွဲစောင့်ရန်သွားသော ရဲနှစ်ဦး ပစ်ခတ်ခံရ၊ ဒုရဲအုပ် ပွဲချင်းပြီး သေဆုံးဟုဆို

တောင်ငူမြို့ပေါ်သို့ စာမေးပွဲစောင့်ရန်သွားသော ရဲနှစ်ဦးကို တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့ရာ ဒုရဲအုပ် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၂၁ရက်၊ နံနက် ရှစ်နာရီခန့်တွင် တောင်ငူမြို့ပေါ်သို့ စာမေးပွဲစောင့်ရန် ဆိုင်ကယ်ဖြင့်သွား သော ရဲနှစ်ဦးကို တောင်ငူ-သံတောင် လမ်းပိုင်း၌ KNU တပ်မဟာ နှစ် လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ဆိုင်ကယ်ချင်း ဘေးချင်းယှဉ်မောင်းပြီး ပစ်လိုက်တာ ဒုရဲအုပ်က‌တော့ နေရာမှာပဲ သေသွားတယ်။ နောက်တစ်ယောက်ကတော့ ထွက်ပြေးသွားတာပေါ့။ ပြီးတော့ အလောင်းကို ရဲတပ်ရင်းကကောင် တွေ ပြန်လာယူသွားတယ်။ PDF တွေဘက်ကတော့ G3 တစ်လက်ရတယ်”ဟု ၎င်းက ပြော သည်။

ယင်းရဲနှစ်ဦးမှာ အမှတ်၁၁ရဲတပ်ရင်းမှ ရဲယူနီဖောင်းနှင့် ထွက်လာခြင်းဖြစ်ပြီး ၎င်းတို့ကို အရပ်ဝတ် လေးဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက်စောစောပိုင်း ရှစ်နာရီလောက်မှာ တောင်ငူမြို့အရှေ့ဘက်ကမ်း (စစ်တောင်းမြစ်)က မိုးကောင်းရွာနဲ့ အင်းဝိုင်းရွာနားက ကတ္တရာလမ်းပေါ်မှာဖြစ်တာ။ ဖြိုးဝေကျော် ဆီဆိုင်နားလေးမှာ ပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် နေရာမှာ ‌‌ တောင်ငူမြို့နဲ့ နှစ်မိုင်ကျော်အကွာ တောာင်ငူ-သံတောင် လမ်းပိုင်းပေါ်ရှိ အမှတ်သုံး ရဲစခန်းနှင့် အမှတ် ၁၁ ရဲတပ်ရင်းကြားဖြစ်ပြီး ထိုလမ်းပိုင်းကို စစ်တပ်ဘက်က စိုးမိုးထားကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top