“ငါ့သရောက်တိုက်ပွဲမှာဆိုရင် စစ်ခွေးတွေကို ဦးဆောင်တဲ့ စစ်ကြောင်းမှူးက အတော်ညံ့တယ်။ တိုက်ပွဲဖြစ်ပြီး ၁၀ မိနစ်အတွင်းကျသွားတယ်။ သူကျသွားတာနဲ့ ပရမ်းပတာတွေနဲ့တပ်သားတွေက ပြေးတော့ ကျနော်တို့ သတ်ကွင်းထဲရောက်လာပြီး ၇၄ ဦး အကုန်သေကုန်တာ”
ပုဂံဘီလူးတပ်ဖွဲ့ခေါင်းဆောင်၊ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြို့နယ်တာဝန်ခံ ကိုဇီးနှင့်တွေ့ဆုံမေးမြန်းခြင်း
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား ၂၀၀ ပါ စစ်ကောင်စီတပ်၏ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်း တစ်ခုလုံးချေမှုန်းခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၄ ဦး သေဆုံးခဲ့သည်။
ယင်းကဲ့သို့ စစ်ကြောင်းလိုက်ပြုတ်အောင်ချေမှုန်းလိုက်သည့် ညောင်ဦးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ မြို့နယ်တာဝန်ခံ ကိုဇီးကို တွေ့ဆုံမေမြန်းထားပါသည်။