ကော့ကရိတ်တွင် အောင်ဇေယျ စစ်ကြောင်းမှ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အောင်ဇေယျ စစ်ကြောင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Justice Soldier PDF ကပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ကော့ကရိတ်မြို့နယ်ရှိ အောင်ဇေယျ စစ်ကြောင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော သဲပုံစေတီ ၊ တောနော်၊ ရွှေကြက်မင်း၊ နိုနိုပွိုင့် နှင့် သီလရှင်ကျောင်း နေရာများကို Justice Soldier PDF ဒရုန်းတပ်ဖွဲ့က ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများအနေဖြင့် ဘေးကင်းရာနေရာများကို ပြောင်းရွှေ့ နေထိုင်ကြရန် တိုက်တွန်းထားသည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပတွင်ရှိသော လူငယ်များအနေဖြင့်လည်း စစ်မှုထမ်း ဥပဒေများ ပေါ်တာဆွဲခြင်းများကို နေ့စဉ်ကြုံတွေ့နေရပြီး နီးစပ်ရာ တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့များထံ အမြန်ဆုံး ပူးပေါင်းပါဝင်ကြရန် Justice Soldier PDF က မေတ္တာရပ်ခံထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top