နေတိုးမဟာမိတ်အဖွဲ့က ပိုလန်နိုင်ငံ သို့မဟုတ် အခြားအဖွဲ့ဝင်နိုင်ငံတဲ့ အတူရပ်တည်မှာဖြစ်ပြီး တိုက်ခိုက်လာရင် ဖွတ်ဖွတ်ညက်ညက်ကြေအောင် တုံ့ပြန်မယ်လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ် ရုတေးက ရုရှားနိုင်ငံကို သတိပေးလိုက်ပါတယ်။
ဝါဆောမြို့တော်ခရီးစဉ်အတွင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ်နဲ့အတူ ရှင်းလင်းပွဲတစ်ခုပြု လုပ်စဉ် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
၃ နှစ်ကြာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးရည်ရွယ်တဲ့ ရုရှားနဲ့ အမေရိကန်ကြား ဆွေးနွေးမှုတွေ မှာ ထွက်ပေါ်လာတဲ့ မည်သည့်ရလဒ်အတွက်မဆို ပြင်ဆင်ထားဖို့ အရေးကြီးတယ်လို့ ဒေါ်နယ်တပ်ခ်က ပြောပါတယ်။
ဆွေးနွေးမှုတွေဟာ ရုရှားနိုင်ငံကို မျက်နှာသာပေးမယ့် အဖြေတစ်ခုနဲ့ အဆုံးသတ်သွားမှာကို နေ တိုးအဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် ပိုလန်နဲ့ ဘောလ်တစ်တိုင်းပြည်တွေက စိုးရိမ်နေပါတယ်။
ရုရှားနိုင်ငံကို မျက်နှာသာပေးတဲ့ရလဒ်ကြောင့် သမ္မတ ဗလာဒီမာပူတင်က စစ်တပ်ကို ပြန်လည် တည်ဆောက်ကာ လာမည့်နှစ်အတွင်း ဒေသတွင်းတိုင်းပြည်တွေကို ခြိမ်းခြောက်လာမယ့်အရေး နေတိုး အဖွဲ့ဝင်တွေက ကြောက်ရွံ့နေပါတယ်။
“တစ်ယောက်ယောက်က ပိုလန် ဒါမှမဟုတ် အခြားမဟာမိတ်ကို တိုက်ခိုက်လာရင် နေတိုးအဖွဲ့ ရဲ့ အင်အားပြည့်လက်တုံ့ပြန်မှုကို ကြုံတွေ့ရမှာပါ။ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက ဖွတ်ဖွတ်ညက်ညက်ကြေ သွားမှာ ဖြစ်ပါတယ်။ ပူတင်နဲ့ ကျွန်တော်တို့ကို တိုက်ခိုက်လိုသူတွေဟာ ဒါကို ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်” လို့ မတ်ခ်ရုတေးက ပြောပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက် ဉရောပတိုင်းပြည်တွေက လုံ ခြုံရေးအတွက် အမေရိကန်နိုင်ငံအပေါ် မှီခိုအားထားရမှု လျှော့ချပြီး စစ်လက်နက်ထုတ်လုပ်ရေးမှာ ရင်း နှီးမြှုပ်နှံကြဖို့ တွန်းအားပေးချိန်မှာ မတ်ခ်ရုတေးရဲ့ သတိပေးမှု ဖြစ်လာတာပါ။
ယူကရိန်းနိုင်ငံအတွက် ငြိမ်းချမ်းရေး အဖြေရှာမှုကြောင့် ရုရှားက အခြားတိုင်းပြည်တွေကို တိုက် ခိုက်လာနိုင်တယ်ဆိုတာ သူ မယုံကြည်ဘူးလို့ အိမ်ဖြူတော်မှာ မကြာသေးမီက မတ်ခ်ရုတေးနဲ့ တွေ့ဆုံ စဉ် ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ ဆယ်စုနှစ်အကုန်မှာ ဉရောပတိုက်ကို တိုက်ခိုက်မှု ထပ်လုပ်လာနိုင်တယ်လို့ မတ်ခ်ရုတေးက အရင် သတိပေးခဲ့ဖူးပါတယ်။
ကိုးကား – ABC News
Ref; NATO leader warns Russia to expect a ‘devastating’ reaction if it ever attacks Poland