မန္တလေး Sky Villa ကွန်ဒို ပထမအကြိမ်ပြိုကျပြီး အသက်ရှင်သူတွေထွက်လာစဉ် ထပ်မံပြိုကျမှုမှတ်တမ်း
မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒိုအဆောက်အဦဟာ ၇.၇ ပမာဏ ဖျက်အားပြင်းငလျင် ပထမအကြိမ်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့ပြီးနောက် အသက်ရှင်သူတွေ ထွက်လာကြစဉ် ၆.၄ ပမာဏ ပြင်းအားရှိ ငလျင် ဒုတိယအကြိမ်လှုပ်ခတ်မှုကြောင့် ထပ်မံပြိုကျခဲ့တဲ့ ရုပ်သံမှတ်တမ်း ဖြစ်ပါတယ်။
Sky Villa ကွန်ဒိုအဆောက်အဦဟာ ၁၁ ထပ် အပိုင်း ၃ ပိုင်းရှိပြီး ငလျင် ၂ ကြိမ် လှုပ်ခတ်မှုအပြီးမှာ အနောက် ၂ ပိုင်းဟာ အကုန်ပြိုကျခဲ့တဲ့အပြင် ရှေ့တပိုင်းဟာလဲ ၇ ထပ်သာ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံ – လူမှုကွန်ယက်