Sky Villa အဆောက်အဦး ပြိုကျမှုမှ ရုပ်အလောင်း ၉ လောင်းတွေ့ရှိထား

Sky Villa အဆောက်အဦး ပြိုကျမှုမှ ရုပ်အလောင်း ၉ လောင်းတွေ့ရှိထားပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ ၄၃ ဦးထိရှိကာ ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ပြိုကျမှုမှ ရုပ်အလောင်း ၉ လောင်းတွေ့ရှိထားပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ ၄၃ ဦးထိရှိပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ပြိုကျခဲ့ပြီး ပိတ်မိနေသူများကို ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်း နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်ထိ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ ၄၃ ဦးရှိပြီး သေဆုံးသူ ၉ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ငလျင်ကြောင့် မန္တလေး Sky Villa Condo ပြိုကျပြီးနောက် အတွင်းမှအော်သံများ (ရုပ်သံ)

မန္တလေးတွင် အသက် ၅ နှစ်အရွယ်ကလေး၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးအပါအဝင် ၄ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့ ညတွင်းချင်း ကယ်တင်

တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် Ramunion Rescue ကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်း၍ မန္တလေးမြို့ Sky Villa ကွန်ဒိုတွင် နာရီ ၆၀ ကျော်ကြာ မြုပ်နေသည့် အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် အသက် ၂၉ နှစ် အမျိုးသမီးတို့ကို တရုတ်နှင့် မြန်မာကယ်ဆယ်ရေးသမားများက မတ်လ ၃၁ ရက်နေ့ မနက် အစောပိုင်းတွင် ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

မန္တလေးမြို့တွင် မတ်လ ၃၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၇ မိနစ် နှင့် ၆ နာရီ ၂၀ မိနစ်တို့တွင် တရုတ်နှင့် မြန်မာကယ်ဆယ်ရေးသမားများက ညလုံးပေါက် အင်တိုက်အားတိုက် ဆက်လက်ကယ်ဆယ်ရာကနေ အသက်ရှင်ကျန်ရစ်သူ (၄) ဦးကို ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကယ်ထုတ်ချိန်တွင် ကလေး၏ အသက်ရှင်လက္ခဏာများ ကောင်းမွန်ခဲ့ပြီး ၂ ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

မန္တလေးမြို့ ဂရိတ်ဝေါဟိုတယ်(Great Wall Hotel)တွင် ပိတ်မိနေသော အမျိုးသမီး ၁ ဦးကိုလည်း မတ်လ ၃၁ ရက်နေ့ နံနက် ၀၀ နာရီ ၄၀ မိနစ်မှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့က မြန်မာကယ်ဆယ်ရေးလုပ်ဆောင်သူများနှင့်အတူ ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

ပုံ- Chinese Embassy in Myanmar

“Sky Villa ကွန်ဒိုတွင် ပိတ်မိနေသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ၅ နှစ်အရွယ်ကလေးငယ်တို့ကို ကယ်တင်နိုင်ပြီ”

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ Sky Villa ကွန်ဒိုတွင် နာရီပေါင်း ၆၀ ကျော် ပိတ်မိနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ၅ နှစ်အရွယ်ကလေးငယ်နှင့် အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ကို ှ တရုတ်ကယ်ဆယ်ရေးအဖွဲ့များက ယနေ့ (မတ်လ ၃၁ ရက်) နံနက် ၅ နာရီကျော်တွင် ကယ်တင်နိုင်ခဲ့သည်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် Ramunion Rescue ကယ်ဆယ်ရေး အဖွဲ့တို့က ညလုံးပေါက် အင်တိုက်အားတိုက်ကယ်ဆယ်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

မတ်လ ၃၁ ရက် ညနက်ပိုင်း ၁ နာရီ မိနစ် ၄၀ တွင်လည်း မန္တလေးမြို့ ဂရိတ်ဝေါဟိုတယ်(Great Wall Hotel)တွင် ပိတ်မိနေသူ အမျိုးသားတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

မတ်လ ၃၀ ရက် ညပိုင်းစာရင်းများအရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၁၇၀၀ ကျော်ရှိလာပြီး ဒဏ်ရာရရှိသူ ၃၄၀၀ ကျော်ရှိသည်ဟု သိရသည်။ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့များတွင် အပျက်အစီများပြီး လျှပ်စစ်မီးလည်း မရဘဲဖြစ်နေသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top