အပစ်ရပ်ထားသော်လည်း ပေါက်မြို့နယ်အတွင်းတွင် စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်

NUG က ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် နှစ်ပတ် အပစ်ရပ်ထားသော်လည်း ပေါက်မြို့နယ်အတွင်းတွင် စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၁ စီးဖြင့် ဗုံးကျဲခဲ့ ပြီး ကပစ ၂၄ အတွင်းသို့ ဆင်းသက်သွားကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေကို မသိရှိရသေးဘဲ သွားရောက် နေဆဲဖြစ်ကြောင်း သိရသည်။

“လေကြောင်းကနေ တိုက်ခိုက်သွားတာ ဟုတ်ပါတယ်။ ဖုန်းလိုင်းတွေလည်း အဆက်အသွယ်မရ သေးလို့ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး ။ ထိခိုက်ပျက်စီးမှုတွေလည်း မေးလို့မရသေးပါ ဘူး” ဟု ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ် ကူညီရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်နိုင်ရန် ယနေ့ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ နှစ်ပတ်ကြာ ထိုးစစ်များ ရပ်တန့်ကြောင်း ယမန်နေ့ ညပိုင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လာခြင်းဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top