“စစ်တပ်/ရဲ နဲ့ ပျူစောထီးတွေက အရှာမခံခဲ့တဲ့ စစ်ကိုင်းကယ်ဆယ်ရေး အတွေ့အကြုံ”
စစ်ကိုင်းကို ကယ်ဆယ်ရေးလုပ်ဖို့ အကြမ်းဖက်စစ်တပ်ကပိတ်တာနဲ့ ပတ်သက်လို့ မဟုတ်ပါဘူးဆိုပြီးငြင်းကြသူများကို ဒီကနေ ရှင်းပြလိုက်ပါတယ်။
စစ်ကိုင်းမှာ ကျနော်တို့ ဆက်သွယ်မိတဲ့ ကယ်ဆယ်ရေးအဖွဲ့က ပြိုကျနေတဲ့ အဆောက် အအုံအောက်မှာ ပိတ်မိနေတဲ့ သူရှိနေလို့ အကူအညီတောင်းလို့ ကူညီဖို့သွားတာပါ။
လွန်စက်တွေ၊ လွှစက်တွေ၊ ပစ္စည်းအပြည့်အစုံနဲ့သွားခဲ့ပါတယ်။ အိမ်ရှင်ကလည်း/ သူ့အိမ်သားတွေကို ကယ်ချင်တယ်။ ရှာမယ် ဖွေမယ် ပြင်နေတုန်း ပျူစောထီးတွေ ရောက်လာတယ်။ ဘယ်ကလဲ။ မင်းတို့မှာ ခွင့်ပြုချက်ရှိလား၊ ဘာလား/ညာလား ဟောက်စားလုပ်ပြီးတော့ရဲနဲ့ စစ်တပ်ကိုပါ ထပ်ခေါ်တယ်။
ခဏကြာတော့ ရဲနဲ့စစ်တပ်ရောက်လာပြီး ခွင့်ပြုချက်မရှိရင် အဆောက်အအုံတွေကို ကူညီကယ်ဆယ်ရေး လုပ်ခွင့်မရှိဘူး။ ဘယ်သူတွေလဲ ဘယ်အဖွဲ့လဲ။ ဘယ်သူဦးဆောင်တာလဲ။ ဘယ်က ပိုက်ဆံရတာလဲ။ လာပြီး ခွင့်ပြုချက်ယူရမယ်။ လုံခြုံရေး အရ ခွင့်ပြု ချက်ယူရမယ်။
လူဆိုးလား PDF လား ဘာညာပေါ့။ ခွင့်ပြုချက်ရပြီးမှ အဆောက် အအုံတွေကို ကယ်ဆယ်ရေးလုပ်ခွင့်ရှိမယ်လို့ ဆိုလာတယ်။ တကယ်တမ်း ခွင့်ပြုချက်တောင်းဖို့သွားတော့လည်း အထက်ကို တင်ရဦးမယ် ဘာညာနဲ့ ရွှီရှောင် လုပ်တယ်။
သေမယ့်သူက သေပြီ။ နောက်တော့ ကယ်ဆယ်ရေးလုပ်မယ့်အဖွဲ့လဲ အခြေအနေ မဟန်တော့ ပြန်လာခဲ့ကြတယ်။။ ရေသန့်နဲ့ ရိက္ခာလှူတာလောက်တော့ဘာမှ မစစ်ပါဘူး။ အဓိက ခက်နေတာက အဆောက် အအုံအောက်မှာ ပိနေသူတွေကို ရှာဖို့ကို စစ်တပ်/ရဲ နဲ့ ပျူစောထီးတွေက အရှာမခံတာ။ပိတ်ပင်နေတာ။ အားလုံးသိစေဖို့ပါ။