ရွာမီးရှို့ဖျက်ဆီးတာတွေ မရပ်
မိထ္ထိလာနဲ့မကွေးလေတပ်ကနေ လေယာဉ်တွေ ဆက်တိုက်ပျံတက်ပြီး တိုက်ခိုက်နေတယ်လို့ဆို
စစ်အုပ်စုက အပစ်အခက်ရပ်စဲတယ်လို့ ကြေညာပြီး နောက်တစ်ရက်မှာပဲ မကွေးလေတပ်နဲ့ မိထ္ထိလာရှမ်းတဲ လေ တပ်ကနေ လေယာဉ်တွေဆက်တိုက်ပျံသန်းပြီး တိုက်ခိုက်တာတွေရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့နေရာတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ အရှိန် အဟုန်မြှင့်လုပ်ဆောင်နိုင်ဖို့ အပစ်အခတ်ရပ်စဲတယ်လို့ စစ်အုပ်စုက ဧပြီလ ၂ ရက် မနေ့က ကြေညာပြီးနောက် ဧပြီ လ ၃ ရက် ဒီကနေ့ မနက်မှာ မိထ္ထိလာရှမ်းတဲလေတပ်စခန်းကနေ Y12 အမျိုးအစား လေယာဉ်တွေနဲ့ ဂျက်ဖိုက်တာ အမျိုးအစားလေယာဉ်တွေ ဆက်တိုက်ပျံတတ်ပြီး တိုက်ခိုက်တာတွေ ရှိနေတာလို့ ဆိုပါတယ် ။
မကွေးလေတပ်စခန်းကနေလည်း စစ်အုပ်စုသယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်တဲ့ ATR-72 အမျိုးအစား လေယာဉ်တွေ ပျံတတ်တာတွေရှိတယ်လို့ မကွေးတိုင်းက တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦး ပြောပါတယ်။
“လောလောဆယ်ကတော့ ဖလမ်းကိုကြဲတယ်။ Y12 နဲ့ ဖလမ်းကို ကြဲတယ်။ တခြားနေရာတွေကတော့ မကြား ရ သေးဘူး။ ခုနက ကနီဘက်ပေါ့။ အဲဒါကတော့ Paramotor ( စက်တပ်လေထီး) ရယ် Drone ရယ်။ အဲဒါနဲ့တော့ ဗုံး ကြဲတာကို တွေ့တယ်။ တခြားနေရာတွေတော့မသိရသေးဘူး။ မနက်အစောပိုင်းကတော့ အင်းတော်ကိုကြဲတယ်” လို့ မကွေးတိုင်းက တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦး ပြောပါတယ်။
စစ်အုပ်စုဟာ ကနီမြို့နယ် တစ်နေရာကို Paramotor နှစ်စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဒရုန်းတွေနဲ့ပါ ကြဲချတိုက် ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ အပစ်ရပ်တယ်လို့ ကြေညာပြီး နောက်တစ်ရက်မှာ ဒီက နေ့မှာ ပုဂံ-ညောင်ဦး နဲ့ ချောက်မြို့နယ်အစပ်မှာလည်း စစ်ကြောင်းထိုးတာတွေပြုလုပ်နေပြီး ချောက် မြို့ နယ်ထဲက ကျေးရွာတစ်ရွာကို စစ်အုပ်စုစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီ စစ်အုပ်စု စစ်ကြောင်းကြောင့် ပုဂံ-ညောင်ဦး နဲ့ ချောက်မြို့နယ်အစပ် ကျေးရွာတွေက ပြည်သူတွေထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်ထိ အပစ်အခတ်ရပ်စဲတယ်လို့ ထုတ်ပြန်ကြေညာထားသလို ငလျင်ဘေး ဒဏ်သင့် ပြည်သူလူထုကိုအတွက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်း ရက်သတ္တပတ်အဖြစ် မတ်လ ၃၁ ရက် နေ ဧပြီလ ၆ ရက်ထိ သတ်မှတ်ထားခဲ့ပေမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ ငလျင်ဘေးသင့်ဒေသတွေမှာ အဓမ္မ စစ်မှုထမ်းခေါ်ယူတာ၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ တော် လှန်ရေးအင်အားစုတွေက ပြောပါတယ်။