မန္တလေးမြို့မှာ ဒီကနေ့ ဧပြီလ ၅ ရက်နေ့ ည ၉ နာရီအချိန်မှာ မိုသည်းထန်စွာ ရွာသွန်ပြီး လေကြမ်းတိုက်နေချိန် နေအိမ်တစ်လုံးအား လူတစ်စုက အနုကြမ်းစီး ဓားပြတိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ဧသုခ ၄၁ လမ်း ၉၁ လမ်းရှိ နေအိမ်တစ်လုံးကို လူတစ်စုက ဓာပြ၀င်တိုက် ခဲ့ကြတယ်လို့ သိရပြီး မိုးသည်းထန်စွာရွာနေချိန် အိမ်ရှင်တွေက အကူညီတောင်းခဲ့လို့ ရပ်ကွက်ထဲက လူတွေ၀ိုင်း၀န်းလိုက်ကြရပေမယ့် ဖမ်းမမိခဲ့ဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေ အရ သိရပါတယ်။
“မိုးရွာပြီးစအချိန် လူတစုက ဓားတွေနဲ့ အနုကြမ်းစီးတာ။ အိမ်ရှင်တွေက ကယ်ကြပါအုံး အော်တာနဲ့ ရပ်ကွက်ထဲက ၀ိုင်းလိုက်ကြတာ။ အဲ့ဓားပြလာတိုက်တဲ့ သူတွေအကုန်ထွက်ပြေးတာ မမိလိုက်ကြဘူး ” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့မှာ လုယက်မှုတွေ ခိုးမှုတွေ ဆက်တိုက်ဖြစ်နေပြီး တချို့ တိုက်ပျက်တွေထဲက တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း အုပ်စုဖွဲ့သယ်ကြတာတွေလဲရှိတဲ့အပြင် ဓားပြတိုက် အနုကြမ်းစီးတာတွေလည်း နေရာတိုင်းမှာ ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ် တွေထံက စုံစမ်းသိရှိရပါတယ်။
Credit – Video Social medai ပေါ်က ကူးယူဖော်ပြပါသည်။