ဘူတန်ဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို ဖယ်ရှား

“ဘူတန်ဝန်ကြီးချုပ်တောင် ဒီစုံတွဲတပုံဟာ အကုသိုလ်များမှန်း သိသွားလို့ ပြန်ဖျက်သွားရှာပြီ”

ဘူတန်ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဧပြီလ ၄ ရက်က မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် ဓာတ်ပုံတပုံကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ခဲ့ပြီး ချီးကျူးစကားများ ဖော်ပြခဲ့သည်။

သို့သော် ထိုပို့စ်အောက်တွင် မြန်မာပြည်သူများက ပြင်းထန်စွာ ကန့်ကွက်မှတ်ချက်များ ရေးသားခဲ့ကြပြီးနောက် ဘူတန်ဝန်ကြီးချုပ်သည် ယနေ့ (မတ်လ ၅ ရက်) တွင် အဆိုပါပို့စ်ကို ပြန်လည်ဖယ်ရှားခဲ့ရသည်။

မြန်မာပြည်သူများက ၎င်းအာဏာသိမ်းစစ်ခေါင်းဆောင်မှာ ပြည်သူလူထု၏ တရားဝင်ခေါင်းဆောင်မဟုတ်ဘဲ ပြည်သူများကို သတ်ဖြတ်နေသည့် အကြမ်းဖက်သူတဦးသာဖြစ်ကြောင်း ထောက်ပြခဲ့ကြသည်။

ထို့ကြောင့် ၎င်းနှင့် ထိတွေ့ဆက်ဆံခြင်း မပြုရန်၊ တရားဝင်မှုပေးသည့် လုပ်ရပ်မျိုး ရှောင်ရှားရန်နှင့် တွေ့ဆုံမှုကို ဆန့်ကျင်ကြောင်း မှတ်ချက်ပေါင်းများစွာဖြင့် ကန့်ကွက်ခဲ့ကြပြီး၊ ယင်းကြောင့် ဘူတန်ဝန်ကြီးချုပ်က ပို့စ်ကို ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်။

ဘူတန်ဝန်ကြီးချုပ် တင်ခဲ့သည့် ပို့စ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေကာ လာမည့်နှစ်များတွင် ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောင်ရန် မျှော်လင့်ကြောင်း၊ ငလျင်ဘေးတွင် တက်နိုင်သမျှပံ့ပိုးကူညီမည်ဟု ဘူတန်ဘုရင်ကဆိုကြောင်း၊ စစ်ခေါင်းဆောင်နှင့်တွေ့ဆုံရ၍ ဝမ်းသာကြောင်း စသည်ဖြင့် ရေးသားထားသည်။

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပသည့် (၆) ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရခဲ့သည့် မင်းအောင်လှိုင်နှင့် ဘူတန်ဝန်ကြီးချုပ်တို့သည် ၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက်နေ့က ဘန်ကောက်မြို့ရှိ Shangri-La ဟိုတယ်တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ဘူတန်ဝန်ကြီးချုပ် Mr. Dasho Tshering Tobgay က မင်းအောင်လှိုင်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကိုသာ ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ အပါအဝင် BIMSTEC အစည်းအဝေးသို့ တက်ရောက်လာသည့် အခြားအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံမှုမှတ်တမ်းများမှာ လူမှုကွန်ရက်ပေါ်တွင် ဆက်လက်တည်ရှိနေသည်ကို တွေ့ရသည်။

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ၏ ထိပ်သီးအစည်းအဝေးကို ဘန်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်မှ ၄ ရက်နေ့အထိ အိမ်ရှင်အဖြစ် ကျင်းပခဲ့သည်။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်၏ ယခုခရီးစဉ်တွင် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း၊ Shangri-La ဟိုတယ်အတွင်း၌ ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရသလို၊ The King Taksin တံတားပေါ်တွင် “We do not welcome Murderer Min Aung Hlaing” (“လူသတ် မင်းအောင်လှိုင်ကို ကျွန်ုပ်တို့ မကြိုဆို”) ဟူသည့် စာတန်းချိတ်ဆွဲထားသည့် ဆန္ဒပြမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးတော့ မစင်ပုံကြီး သွားကိုင်မိတဲ့ ဘူတန် ဝန်ကြီးချုပ်လည်း ပြည်သူတွေ ဝိုင်းပြောလိုက်တာ ရှက်ပြီး ပို့စ်ပြန်ဖျက် သွားပါပြီ။

ဘူတန်ဝန်ကြီးချုပ်က အေးချမ်းတဲ့ တောင်ပေါ်နိုင်ငံလေးမှာ ဗုဒ္ဓအဆုံးအမတွေနဲ့ နေထိုင်လာခဲ့တာ တသက်လုံး တခါမှ အဆဲမခံရဖူးဘူးတဲ့။

အမျိုးဘာသာ သာသနာကို ကာကွယ်သူနဲ့ တွေ့တဲ့ ပုံလေး တင်လိုက်မိတော့မှပဲ တနေ့တည်းတင် လှည်းနေလှေအောင်း မြင်ဇောင်းမကျန် ဆဲ တာ ခံရရှာတယ်။

နောက်ဆုံးမှာ ဘူတန်ဝန်ကြီးချုပ်လည်း အကျွတ်တရားရပြီး ဒီပို့စ်လေးကို ပြန်ဖျက်သွားတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် မိအောင်လှိုင်တယောက်အတွက် ရှက်တက်ရင် ဆယ်ခါပြန် ဘဝကူးလို့ရတဲ့ အနေအထားကြီးပါလေ။

ဘူတန်ဝန်ကြီးချုပ်က အေးချမ်းတဲ့တောင်ပေါ်နိုင်ငံလေးမှာ ဗုဒ္ဓအဆုံးအမတွေနဲ့ နေထိုင်လာခဲ့တာ …

တသက်လုံး တခါမှ ဆဲမခံရဖူးဘူးတဲ့။

အမျိုးဘာသာ သာသနာကာကွယ်သူနဲ့တွေ့မှပဲ လှည်းနေလှေအောင်း မြင်ဇောင်းမကျန် မေတ္တာတွေပို့ကြတော့

တသက်မှာ တခါမှ မရဖူးတဲ့ 15 K Reaction တွေလည်းရ …

၉၀ ရာခိုင်နှုန်းလောက်က Angry Reaction …

Comment ကလည်း တသိန်း

အဲတာကိုမှ ဘုရားတရားတွေချည်း မန့်ကြတာ။

နောက်ဆုံးတော့ ဘူတန်ဝန်ကြီးချုပ် အကျွတ်တရားရပြီး ပို့စ်လေး ပြန်ဖျက်သွားတယ်တဲ့။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top