ငလျင်ကယ်ဆယ်ရေးမှာ ဓာတ်ပုံရိုက်ခံနေတဲ့ စစ်တပ် (ရုပ်သံ)

ငလျင်ကယ်ဆယ်ရေးမှာ ထိထိရောက်ရောက် ကူညီတာမရှိဘူးဆိုပြီး ဝေဖန်မှုတွေခံနေရတဲ့ အာဏာသိမ်း စစ်တပ်ဟာ အခုလည်း ငလျင်ကြောင့် ပြိုပျက်သွားတဲ့ အဆောက်အအုံတွေနဲ့ အပျက်အဆီးတွေသယ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ယူနေတဲ့ ရုပ်သံမှတ်တမ်းတခုကြောင့် ဝေဖန်မှုတွေ ထပ်တိုးနေပါတယ်။

လက်မောင်းဘတ်တံဆိပ်အရ ဓာတ်ပုံအရိုက်ခံနေသူဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ) က ဖြစ်နိုင်ပြီး နေပြည်တော်ဟာလည်း ၇ ဒဿမ ၇ ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုမှာ အဆောက်အအုံပြိုကျပျက်စီးမှုနဲ့ လူအသေအပျောက် အများဆုံးထဲမှာပါဝင်ပါတယ်။

ငလျင်ကြီးလှုပ်ခတ်အပြီးမှာ အပျက်အစီးတွေအောက်ပိတ်မိနေတဲ့ ပြည်သူတွေကို နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့တွေ၊ ပရဟိတ အဖွဲ့တွေ၊ မီးသတ်တွေနဲ့ ပြည်သူတွေက ပိတ်မိနေတဲ့ ပြည်သူတွေရဲ့ အသက်ကို မနားမနေ ကြိုးပမ်း လုပ်ဆောင် နေကြပေမယ့် စစ်အင်အား ကမ္ဘာ့အဆင့် ၃၇၊ အရှေ့တောင်အာရှ အာစီယံမှာ အဆင့် ၅ ရှိတဲ့ အာဏာသိမ်း စစ်တပ်က လူ့အသက်တွေကို ဝင်မကယ်ဘူးဆိုပြီး ဝေဖန်ခံနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးကျုံးနဲ့ မဟာမြတ်မုနိ ဘုရားကြီးစောင်းတန်းက ပြိုကျနေတဲ့ အုတ်ခဲတွေကို သယ်နေကြတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်းတွေ ပေါ်ထွက်ခဲ့ပြီး အအောက်အအုံတွေအောက် ပိတ်မိနေသူတွေကို ကယ်ထုတ်ရာမှာ ကူရမယ့်အစား သက်မဲ့အုတ်ခဲတွေကို သယ်နေတယ်ဆိုပြီး ပြစ်တင်ခံနေရတာ တွေ့ရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top