ကပစ ၂၄ မှ စစ်တပ်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်

ပေါက်မြို့နယ်၊ ကပစ ၂၄ မှ စစ်တပ်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်ကြောင်းမှူး နှင့် တပ်ခွဲမှူးတို့ အပါအဝင် ၇ ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောကျေးရွာနှင့်ပေါက်မြို့အကြား ထွန်းသစ္စာဆီဆိုင်အနီး ကပစ ၂၄ မှ စစ်တပ်စစ်ကြောင်းကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းမှူး နှင့် တပ်ခွဲမှူးတို့အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း ဆိပ်ဖြူတကိုယ်တော်ကျားဇိုးအဖွဲ့က ပြောကြားသည်။

ဧပြီလ ၃ ရက်နေ့ နံနက် ၆ နာရီ ၇ မိနစ်အချိန်တွင် ၁ ကြိမ်၊ ညနေ ၂ နာရီ ၂၃ မိနစ်တွင် ၁ ကြိမ် နှင့် ဧပြီလ ၄ ရက် နံနက် ၆ နာရီ ၁၇ မိနစ်တွင် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် ကပစ ၂၄ စစ်ကြောင်းကို ပေါက်မြို့နှင့် အုန်းတောကြား ထွန်း သစ္စာ ဆီဆိုင်အနီးတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါစစ်တပ်စစ်ကြောင်းက မိုင်းများကို လာရောက် ရှင်းလင်းစဉ် မိုင်းဖောက်ခွဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ စစ် ကြောင်းမှူး နှင့် တပ်ခွဲမှူး ငမောင် (ခေါ်) ဘကျော်တို့ အပါအဝင် ၇ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“၁ ကြိမ်မိုင်း ၁ လုံးနှုန်းနဲ့ ၃ ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ၊ သေဆုံးသွားတဲ့ အရာရှိ အလောင်း ၂ လောင်းကို နဲ့ ဒဏ်ရာအပြင်း အထန်ရတဲ့ စခ ၁၁ ဦးကို Mi 17 နဲ့နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ ကို သယ်သွားတယ်။ စစ်ကြောင်းမှူးနဲ့ ခွဲမှူး ငမောင်(ခေါ်)ကကျော်က ရန်ကုန်ဇာတိလို့ သိရပါတယ်။ စစ်ကြောင်းမှူးက အူပွင့်သေတာ။ ပြီးတော့ ဒဏ်ရာရတဲ့ ၁၁ ယောက်ထဲမှာ ပေါက်၊ ယာကြီးပြင်ပျူ ရွာမှာ အထိုင်ချ ထားတဲ့ ၃ ပွင့်ဗိုလ်ကြီး ခန့်မှူးမောင်လည်း ခြေတစ်ဖက်၊ လက်တစ်ဖက်ပြတ်တယ် လို့ရ ပါတယ်။ ဒဏ်ရာရသူတွေမှာ ခြေထောက်ပြတ် ၁ ဦး၊ လက်ပြတ်က ၂ ဦး၊ မျက်လုံး ၂ လုံး စုံလုံးကန်း တဲ့သူက ၂ ဦးပါတယ်” ဟု ဆိပ်ဖြူတကိုယ်တော်ကျားဇိုးအဖွဲ့က ပြောကြား သည်။

စစ်ဆင်ရေး တိုက်ခိုက်ရခြင်းမှာ ပေါက်မြို့နယ် အနောက်ပိုင်းရပ်ကျေး ပကဖ ၂ ဦးကို စစ်ကောင်စီ တပ် သားများက စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်သည်ကို လက်တုံ့ပြန်သည့် အနေဖြင့် မိုင်းဆင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို ဆိပ်ဖြူတကိုယ်တော်ကျားဇိုး (LDF) ဦးဆောင်ပြီး ပေါက်တောင်ပိုင်းဇုန် ၁ ပကဖ အဖွဲ့ ၊ ရပ်ကျေး ပကဖ နှင့် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (P.D.O/P.D.A) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top