ငလျင်ဘေးဒဏ်သင့်ဒေသများသို့ သောက်သုံးရေ လှူဒါန်းမှုများပြားသဖြင့် ရန်ကုန်တွင် သောက်ရေသန့်ဘူး ပြတ်လပ်နေပြီး ဈေးတက်

ငလျင်ဘေးဒဏ်သင့်သော မန္တလေးနှင့် စစ်ကိုင်းမြို့များအတွက် သောက်သုံးရေ လှူဒါန်းမှုများပြားသဖြင့် ရန်ကုန်မြို့တွင်သောက် ရေသန့်ဗူးကုန်ပစ္စည်းပြတ်လပ်သွားသည်မှာ ၃ ရက်ကြာနေပြီဖြစ်ကာ ရေသန့်ဘူး ဈေးနှုန်များ မြင့်တက်နေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လက်လီရောင်းချသောကုန်စုံဆိုင်များ နှင့် လက်ကားဆိုင်များတွင် ရောင်းချသည့် နာမည်ရှိ သောက်ရေသန့် တစ်လီတာဘူးအကြီး၊ အလတ်ဆိုဒ်၊ အသေးဆိုဒ်များ ပစ္စည်းပြတ်နေကြာင်း ယင်းဆိုင်များထံမှ သိရသည်။

သောက်ရေသန့်တစ်ဗူးလျင် တံဆိပ်ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိသော်လည်း ယခုရက်ပိုင်းအတွင်း ရေသန့်တစ်ဗူးလျင် ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ အထိပေးရ‌ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

” ရေသန့်ဘူး တစ်လီတာမရှိဘူး။ ၃၀၀ မီလီလီတာဘူးလေး တွေတော့ကျန်‌‌သေးတယ်။ ပစ္စည်းပြတ် နေတယ်။ stock ကုန်နေလို့မှာထားတာ ပြန်မရသးဘူး ” ကုန်မျိုးစုံဆိုင်မှအရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

အချိုရည်နှင့် ရေသန့်မျိုးစုံရောင်းချကာ ဖောက်သည်ပေးသည့် လက်ကားဆိုင်များတွင်ပင် ရေသန့်ကတ်များ ရောင်းချ‌ပေးနိုင်ခြင်းမရှိ ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

” ရေသန့်‌တွေ ဈေးတက်နေတယ်။ ငလျင်ဒဏ်ခံရတဲ့မြို့တွေမှာ ရေလိုတယ်ပြောကြလို့ ရန်ကုန်က သွားတဲ့ အဖွဲ့ တွေအကုန် ရေသန့် တွေသယ်သွားတယ်။ ရန်ကုန်မှာ ရေသန့်ပြတ်သွားတယ် ” ဟု ‌၎င်းက ဆက်လက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောကြားသည်။

ပြည်တွင်းရှိ ‌သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကြီးများက ထုတ်လုပ်သည့် ဒေါက်တာ စိုင်းဆမ်ထွန်း၏ လွယ်ဟိန်းကုမ္ပဏီမှထုတ် သော Alpine နှင့် Life သောက်‌ ရေသန့်၊ ကိုကာကိုလာ မြန်မာကုမ္ပဏီထုတ် Dasani သောက်ရေသန့် နှင့် MAX ရေသန့် အပါအဝင် နာမည်ကြီး ရေသန့် တံဆိပ်များ ကုန်ပစ္စည်းပြတ်လပ်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။

ထို့ပြင်မန္တလေးနှင့် စစ်ကိုင်းမြို့တွင် လျှပ်စစ်မီးရရှိ၍ ရေသန့်စက်ရုံအချို့ ပြန်လည်လည်ပတ်မှု များရှိခြင်း၊ ရေသန့်ကတ်များလှူဒါန်းမှု များပြားခြင်းကြောင့် ရေသန့်ဗူးများပိုလျှံနေပြီဖြစ်ကြောင်း ပရဟိတကူညီရေးအဖွဲ့ဝင်များထံမှ သိရသည်။

ယင်းပြင်သောက်ရေသန့်ထုတ်လုပ်မှုရပ်နားထားရာမှ ပြန်လည်ထုတ်ဝေနေသော PMG အမှတ်တံဆိပ် ရေသန့်သည် ယခုငလျင်ဘေးတွင်လှူဒါန်းမှုများပြုလုပ်နေကြောင်းသိရသည်။

လက်ရှိတွင်ငလျင်‌ဘေးဒဏ်ခံရသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းအချို့မှလုပ်ငန်းရပ်နားပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ရာတွင် လိုအပ်သည့်ပစ္စည်းများ လှူဒါန်းရန် အရေးကြီးပြီဖြစ်ကြောင်း လူမှူကူညီရေးအဖွဲ့များထံမှ သိရသည်။

ဓာတ်ပုံ – ‌မန္တလေးမြို့ခံတစ်ဦး

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top