ငလျင်ကြောင့် မဟာမုနိဘုရားမှာ ဌာပနာထားတဲ့ ရတနာပစ္စည်းတချို့ ထွက်ပေါ်

မြန်မာ့သမိုင်းမှာ လူ​သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်​စေခဲ့တဲ့ မတ် ၂၈ ရက် စစ်ကိုင်းငလျင်ကြီး​လှုပ်​ခတ်ပြီး မန္တ​လေးမြို့က ရှေး​ဟောင်းသမိုင်းဝင် မဟာမုနိဘုရားမှာ ဌာပနာထားတဲ့ ရတနာ ပစ္စည်းတချို့ ထွက်ပေါ်လာခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ စာရင်းတွေအရ မတ်လ ၂၈ရက်နေ့က နေ ဧပြီ ၇ရက်နေ့ထိ
အတွင်း၊ အပြင် စိန်ဖူးတော်တွေ အပါအဝင် စုစုပေါင်း ရတနာပစ္စည်း ၁၂၅၀မျိူး ၊ အလေးချိန်အားဖြင့် ၂ပိဿာကျော် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြင်းအား ၇ ဒသမ ၇ နဲ့ ပြင်းအား ၆ ဒသမ ၄ ရှိတဲ့ ဖျက်အားပြင်းငလျင်ကြီး​တွေလှုပ်ပြီး မန္တ​လေးမြို့က မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးရဲ့ ဂန္ဓကုဋီတိုက်၊ရှေးဟောင်းကြေးရုပ် ​တွေ၊​ ဘုရားမုဒ်ဦးနဲ့စောင်းတန်း​စတာတွေ ထိခိုက်ပျက်စီးမှု​တွေရှိခဲ့တာပါ။ မဟာမုနိဘုရားရဲ့ ဦး​ခေါင်း​​တော်အ​ပေါ်ပိုင်းမှာ ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့တာကို လည်း​တွေ့ရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top