မြန်မာ့သမိုင်းမှာ လူသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်စေခဲ့တဲ့ မတ် ၂၈ ရက် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး မန္တလေးမြို့က ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားမှာ ဌာပနာထားတဲ့ ရတနာ ပစ္စည်းတချို့ ထွက်ပေါ်လာခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီထုတ်ပြန်တဲ့ စာရင်းတွေအရ မတ်လ ၂၈ရက်နေ့က နေ ဧပြီ ၇ရက်နေ့ထိ
အတွင်း၊ အပြင် စိန်ဖူးတော်တွေ အပါအဝင် စုစုပေါင်း ရတနာပစ္စည်း ၁၂၅၀မျိူး ၊ အလေးချိန်အားဖြင့် ၂ပိဿာကျော် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြင်းအား ၇ ဒသမ ၇ နဲ့ ပြင်းအား ၆ ဒသမ ၄ ရှိတဲ့ ဖျက်အားပြင်းငလျင်ကြီးတွေလှုပ်ပြီး မန္တလေးမြို့က မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးရဲ့ ဂန္ဓကုဋီတိုက်၊ရှေးဟောင်းကြေးရုပ် တွေ၊ ဘုရားမုဒ်ဦးနဲ့စောင်းတန်းစတာတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာပါ။ မဟာမုနိဘုရားရဲ့ ဦးခေါင်းတော်အပေါ်ပိုင်းမှာ ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့တာကို လည်းတွေ့ရပါတယ်။