ဝန်းသို နန်းခမ်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူထပ်တိုး
လက်ရှိထိ ၂၆ ဦး သေဆုံးထားပြီး ဒဏ်ရာရသူ ၂၅ ဦးရှိ
စစ်ကိုင်းတိုင်း ကောလင်းခရိုင် ဝန်းသိုမြို့နယ်ထဲက နန်းခမ်းရွာကို စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်တိုက် ခိုက်ခဲ့ ရာမှာ သေဆုံးသူ ၂၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၅ ဦးအထိရှိတယ်လို့ ဝန်းသိုမြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရာမှာတင် ပွဲချင်းပြီးသေဆုံးသူ ၂၄ ဦးရှိပြီး ဆေးကုသမှုခံယူ နေ ချိန်မှာ နောက်ထပ်နှစ်ဦး ထပ်မံသေဆုံးသွားတာဖြစ်တယ်လို့ မြို့နယ်တာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူတွေထဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီး အရွယ်စုံပါဝင်ပြီး စစ် အုပ်စု လေကြောင်းကနေ မကြာခဏ ပျံဝဲနေတာကြောင့် အလောင်းကောက်ယူတာနဲ့ ဈာပနကိစ္စတွေကိုဝရုန်း သုန်းကား လုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။
“သေဆုံးသူတွေရဲ့ ပိုင်ရှင်တွေမရှိလို့ Dead Body တွေကို လာကူညီတဲ့ ကားပေါ်တွေကို ဝရုန်းသုန်းကား တင်ကြ ရ တာပါ။ လေကြောင်းကလည်း ခဏခဏလာနေတာဖြစ်တဲ့အတွက် တင်ပြီးတော့ သုဿန်ကို ယူသွားရပါတယ်။ သုဿန်ရောက်တဲ့အခါကျမှသာ တစ်လောင်းစီတစ်လောင်းစီ စီးထားရတယ်။ လူကြီးလည်းပါတယ်။ ကလေး လည်း ပါတယ်။ လူငယ်လည်းပါတယ်။ ယောက်ျားလည်းပါတယ်။ မိန်းမလည်းပါတယ်။ ကလေးငယ်တွေတွေ မျက် မြင်ကိုယ်တွေ့ ကျနော်တွေ့တာကိုက ၉ နှစ်၊ ၁၀ နှစ် ကလေးတွေ သုံးယောက်လောက်ရှိပါတယ်ဗျ”လို့ ဝန်းသိုမြို့နယ် တာဝန်ရှိသူက ပြောပါတယ်။
အခုလိုအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရရှိမှုများပြားတာဟာ နန်းခမ်းရွာထဲက တိုက်နယ်ဆေးရုံအနီး လမ်းဆုံ လမ်းခွဲနေရာမှာ ခရီးသွားတွေတစ်ထောက်နားနေချိန် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ဖြစ်တယ်လို့ဆိုပါ တယ်။ အဲဒီ လမ်းဆုံလမ်းခွနေရာမှာ ခရီးသွားတွေတစ်ထောက်နားရာ အရိပ်ကောင်းတဲ့ ကုက္ကိုပင်တန်းလည်းရှိပြီး အဲဒီနေ ရာမှာ ဈေးဆိုင်တန်းတွေလည်းရှိတယ်လို့ ဆိုပါတယ်။
“အဲဒီနားမှာက လေးလမ်းဆုံပေါ့နော်။ အရှေ့အနောက်တောင်မြောက်သွားတဲ့ လမ်းဆုံဖြစ်နေတာကတစ်ကြောင်း တစ်ချိန်တုန်းက ဆေးရုံရဲ့မျက်နှာစာမှာ ကုက္ကိုပင်ရိပ်သန်းတွေရှိနေတာကတစ်ကြောင်း၊ ကုက္ကိုပင်ရိပ်တန်းတွေရဲ့ အောက်မှာ ဆေးဆိုင်တွေရှိနေတာကြောင့် အဲဒီမှာ အအေးသောက်ကြ၊ ကော်ဖီသောက်ကြ၊ ခေါက်ဆွဲမုန့်တီစားကြ၊ တချို့ကဘီယာသောက်ကြပေါ့နော်။ အဲလိုလေးတွေရှိနေတဲ့အတွက်ကြောင့် အဲဒီနားလေးမှာ တမင်သပ်သပ်ကြီး လူစည်တာမျိုးမဟုတ်ဘဲနဲ့ နေပူချိန်မှာ အရိပ်ကောင်းတာနဲ့ အရိပ်ခိုရင်း လူကစုမိသွားသလို ဖြစ်သွားတာပါဗျ။ အမြဲတမ်းလူစည်ကားနေတဲ့ နေရာမဟုတ်ပါဘူးခင်ဗျ”လို့ ဝန်းသိုမြို့နယ်တာဝန်ရှိသူက ရှင်းပြပါတယ်။
နန်းခမ်းရွာလေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဈေးဆိုင်အပါအဝင် လူနေအိမ် ရှစ်လုံးနဲ့ နန်းခမ်းတိုက်နယ် ဆေးရုံဝင်းထဲက ဆရာဝန်တွေနေထိုင်တဲ့ တိုက်တစ်လုံး ဗုံးထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ နန်းခမ်းတိုက်နယ် ဆေးရုံမှာ ကုသရေး လုပ်ငန်းလည်ပတ်မှုမရှိတာကြောင့် ဆေးရုံထဲလူမရှိတဲ့အတွက် ဆေးရုံးဝင်းအတွင်း လူအထိ အခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာကို ဧပြီလ ၉ ရက် နေ့လယ် ၃ နာရီလောက်မှာ စစ်အုပ် စုက ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံး ထက်မနည်း ကြဲချခဲ့တာဖြစ်ပါတယ်။
ကောလင်းနယ် စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်
စစ်ရှောင်ကလေးငယ် သေဆုံးကာ အလောင်း တစစီ လိုက်ကောက်ရပြီး ဒဏ်ရာရသူတွေလည်းရှိ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်း၊ အင်ပင်လှကျေးရွာ စာသင်ကျောင်းကို ဒီကနေ့ မွန်းလွဲပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ စစ်ဘေးရှောင် ကလေးငယ်တစ်ဦး သေဆုံးကာ သုံးဦးထက်မနည်း ဒဏ်ရာရတယ်လို့ ကနဦး သတင်းရရှီပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ ကောလင်းမြို့နယ်၊ အင်ပင်လှရွာ စာသင်ကျောင်းသို့ ဧပြီလ ၁၀ရက် ဒီကနေ့ မွန်းလွဲ ၂နာရီဝန်းကျင်မှာ မန္တလေးမြို့ တံတားဦးလေတပ်က တက်လာတဲ့ တိုက် လေယာဉ်နဲ့ အကြောင်းမဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
“အင်ပင်လှ စာသင်ကျောင်း AS (Air Strike – လေကြောင်းတိုက်ခိုက်ခံရ) လုပ်ခံရတာ အထိအခိုက် များပါတယ်။ (ဗုံး) တစ်လုံးက မြေပေါ်ကျပေမယ့် တစ်လုံးက ကျောင်းပေါ်တည့်တည့်ကျပါတယ်။ ကောလင်း စစ်ဘေးရှောင်တွေက အဲ့ကျောင်းထဲမှာ နေပါတယ်။ ခြေလက်အင်္ဂါ ပြတ်တောက် သွားသူတွေ ရှိသလို ကလေးတစ်ယောက် DB (အလောင်း) ရထားပါတယ် (တစ်စစီပါ)။ ခွေးတွေက အစွမ်းကုန် ယုတ်မာကြပါတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဗုံးထိမှန် သေဆုံးသူဟာ ကောလင်းမြို့ကနေ စစ်ဘေးရှောင်လာပြီး အဲ့ဒီ စာသင်ကျောင်းမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မဇင်မာဝင်း ဖြစ်ပြီး နောက်ထပ် သုံးဦးလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
သေဆုံး၊ ဒဏ်ရာရသူ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်အုပ်စု ထွက်ပြေးလို့ ကောလင်းခရိုင်၊ အင်းတော်မြို့ကို လက်လွှတ် ဆုံးရှုံးထားရတဲ့ စစ်အုပ်စုက ကော်လင်းခရိုင်ထဲက မြို့၊ရွာတွေကို တရစပ် ဗုံးကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
ဧပြီလ ၉ ရက် မနေ့က မွန်းလွဲပိုင်းမှာလည်း ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၂၆ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဝန်းသိုနယ်ထဲ စစ်အုပ်စုက လေယာဉ်တွေ ဆက်လက် ပျံဝဲနေလို့ အလောင်း ကောက်ယူတာနဲ့ ဈာပန ကိစ္စတွေကို ဝရုန်းသုန်းကား လုပ်ဆောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မနေ့က ညသန်းခေါင်အချိန် ချင်းပြည် တီးတိန်နဲ့ မင်းတပ်နယ်က ကျေးရွာတွေကိုလည်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ မိသားစုလိုက်တွေ အပါအဝင် ဒေသခံ ၁၁ ဦး သေဆုံးပြီး အိုးအိမ် ၁၅ လုံး ကျော် ပျက်စီးခဲ့ပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် နိုင်ငံတဝန်း လူ ၃၅၀၀ ကျော် သေဆုံးပြီး အလောင်းတွေ ထုတ်ယူလို့ မပြီးသေးပေမယ့် စစ်အုပ်စုက တော်လှန်ရေး အင်အားစုတွေ စိုးမိုး ထိန်းချုပ်ထားတဲ့ မြို့၊ရွာတွေကို နေ့စဉ် ဗုံးကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
ကောလင်းမြို့နယ်၊ အင်ပင်လှရွာက စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို ဧပြီလ ၁၀ရက် မွန်းလွဲပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo – CJ