ပခုက္ကူမြို့ဂေါက်ကွင်းမှ ညပိုင်း ပြန်လာသည့် ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် စစ်တပ်ဒေါက်တိုင် အိမ် ဖြူတော် KTV ပိုင်ရှင်ဖြစ်သူ မြင့်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး
မကွေးတိုင်း၊ ပခုက္ကူမြို့ဂေါက်ကွင်းမှ ပြန်လာသည့် ကပစ ၂၄ မှ ဗိုလ်မှူး သော်ဇင်ဦးနှင့် စစ်တပ် ဒေါက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် မြင့်ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံပြည် သူများနှင့် Earthquake People’s Defense Force မှ တာဝန်ရှိသူတို့က ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၁၀ ရက် ည ၉ နာရီခန့်က ပခုက္ကူမြို့ဂေါက်ကွင်းမှ ကားဖြင့် ပြန်လာသည့် ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် စစ်တပ်ဒေါက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် မြင့်ဦးတို့ကို ပခုက္ကူမြို့ စက် မှုဇုန် ဘူတာနှင့် အိမ်ဖြူတော် KTV ကြားအရောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အနီးကပ် ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
“ညကကြားတာက အိမ်ဖြူတော် KTV ကို ဝင်ပစ်တယ်လို့ကြားတာ၊ ပစ်ခတ်သံတွေက လက်နက်ကြီး ထုသံတွေရော၊ လက်နက်ငယ်ပစ်သံတွေရော ဆူညံနေတာ။ အိမ်ဖြူတော် ကေတီဗွီနဲ့ အခုဖြစ်တဲ့နေရာက စိုတွင်းရွာလေးပဲခြားတာ” ဟု ပခုက္ကူမြို့ခံပြည်သူတစ်ဦးက ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Earthquake People’s Defense Force၊ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Force ၊ Hunter PKU၊ Black Cheater ၊ ပခုက္ကူခရိုင် တပ် ရင်း၂ (The Red Revolters တပ်ဖွဲ့) ၊ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နှင့် ရွှေညာမြေတပ်ဖွဲ (ပခုက္ကူ) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် စစ်ရေးအရှိန်မြင့်လာသောကြောင့် စစ်ကောင်စီတပ် စခန်း၊ စစ်ကောင်စီ တပ်သား များနှင့်ခပ်ဝေးဝေးသွားလာနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံ ထားသည်။
ပြီးခဲ့သည့် ၄ ရက်ခန့်ကလည်း ပခုက္ကူမြို့ပေါ်ရှိ စစ်တပ်ထောက်တိုင် မိုင်တဲလ်ရုံးကို လက်နက်ကြီး ဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက်တစ်နေ့တွင် လက်နက်ပျောက် သွားသည်ဟုဆိုကာ ပခုက္ကူတစ်မြို့လုံးကို ပိတ်ဆို့ရှာဖွေမှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Video: ယမန်နေ့ညပိုင်း ဗိုလ်မှူး သော်ဇင်ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်မှုနှင့် ၎င်းထံမှ သိမ်းဆည်းရရှိသော ပစ္စည်းတချို့