မအလနဲ့ စစ်တပ်အတွက် နိမိတ်ဆိုးကြီး လာပြန်ပြီ

မင်းအောင်လှိုင်နဲ့ တိုက်တိုင်းရူံးနေတဲ့ သူ စစ်တပ်ရဲ့ ကံကြမ္မာက ဘာဖြစ်မလဲဗျ လို့ လာမေးလို့ပါ။

ဗိုလ်ခင်ညွှန့်နဲ့ ထောက်လှမ်းရေးအဖွဲ့ဟာ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးကို ဗိုက်ဖေါက်ခဲ့တဲ့ အကျိုးကြောင့် ခင်ညွှန်ကအစ ထောက်လှမ်းရေး တဖွဲ့လုံး အကုန် ဘဝပျက်သွားကြရတာကို အားလုံး မှတ်မိကြပါလိမ့်မယ်။

မအလဟာလဲ မဟာမြတ်မုနိဘုရားရဲ့ အလူုငွေတွေကိုသာမက ရွှေတိဂုံ ကျိုက်ထီးရိုး စတဲ့နာမည်ကြီးဘုရားတွေရဲ့ အလူုငွေတွေကို အတိုးပေးသလိုလိုတွေ ပြောပြီး လိမ်ညာပြီး ယူသုံးခဲ့တယ်။ ဘုရားရဲ့ အလူုငွေ ဒေါ်လာတွေကိုလဲ ပြင်ပပေါက်စျေးနဲ့ မလဲပဲ အစိုးရသတ်မှတ်စျေးနဲ့ စျေးနှိမ်ဝယ်တာတွေကို အခုချိန်ထိ လုပ်နေခဲ့တယ်။

အဲဒီ အကုသိုလ်ရဲ့ အကျိုးဆက်ကြောင့် မင်းအောင်လှိုင်ရဲ့လက်ထက်မှာ ကိုဗစ်ရောဂါဘေး လေဘေး ရေဘေး မီးဘေးတွေအပြင် အခုဆို ငလျင်ဘေးကိုပါ ခံစားခဲ့ရပြီး မဟုတ်ပါလား။

ဟော အခုဆိုရင် စစ်အုပ်စုအတွက် ဒီထက် ထပ်ပြီးဆိုးမယ့် ကံကြမ္မာဆိုးတွေလာဖို့ မဟာမြတ်မုနိဘုရားကြီးက လက္ခဏတွေ ပြနေပြန်ပါပြီ။

စစ်ကိုင်း ငလျင်ကြောင့် မန္တလေး နန်းတော် သမ္မတအိမ်တော်နဲ့လွတ်တော်တွေအပြင် နေပြည်တော်ကြီး တခုလုံးပါ ပြိုကျပျက်စီးသွားတယ်။ ဘုရားစေတီခြေရင်းက ခြေသေ့်ရုပ်တွေဟာလဲ ဦးခေါင်းတွေ ပြတ်ကျပြီး ပြိုကျကုန်တယ်။

ဒီဖြစ်ရပ်ဟာ အတိတ် နိမိတ်နဲ့ ဗေဒင်ယတျာကို အရမ်းယုံကြည်တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ မအလတို့ လင်မယားအဖို့ ရှေ့ဆက် သောက ရောက်စရာ ဖြစ်သွားပါပြီ။ ဒီကြားထဲ စိုးဝင်းကလဲ နန်းတော်ဦး ဘုရားအပေါ် ဖိနပ်စီးပြီး တက်ခဲ့လို့ နမ်နှိမ့်စေပြန်တယ်။

ဒါကြောင့် အုန်းသီး ငှက်ပျောဖီးနဲ့ ပွဲ ၁၈၀ ပေးပြီး ယတျာချေတယ်။ ရတနာ့ပရိတ်တော်ကို ၉ ရက်တိတိ ၉ကြိမ် ရွက်ခိုင်းတယ်။

စစ်ကိုင်းအမည် စကဟာ စုကြည်ဖြစ်နေလို့ စုကြည်ကြောင့် ဘဝဆက် ပျက်ရမှာကို ကြောက်ပြီး ငလျင်အမည်ကို “မန္တလေးငလျင်”လို့ နာမည် ပြောင်းပြီး ခေါ်ခိုင်းတယ်။

ဒါ့အပြင် ရှင်အပါး ၅၅၀၀ ကိုလဲ ရှင်ပြုကာ ယတျာချေခဲ့ပြန်ပါသေးတယ်။

မည်သို့ပင် ချေချေ ဘယ်လိုပဲ နာမည်ပြောင်းပြောင်း..

ငလျင်ကြောင့် မဟာမြတ်မုနိဘုရားကြီးရဲ့ မျက်နှာတော်ဟာ မဲသွားခဲ့ရသေးသလို အဲဒီနောက် ဗိုက်တော်ထဲကနေ ဌာပနာပစ္စည်း ၂ ပိဿာခွဲကျော်လဲ အလိုလို ထွက်ကျလာပါသတဲ့။

နိဂုံးချုပ်ရရင် ခင်ညွှန်နဲ့ စစ်ထောက်လှမ်းရေး တဖွဲ့လုံး မဟာမြတ်မုနိ ဘုရားကြီးကို ဗိုက်ဖေါက်မိလို့ ဘဝပျက်သွားခဲ့ရသလို မအလနဲ့ စစ်တပ်ယန္တရားကြီး တခုလုံးဟာလဲ မဟာမြတ်မုနိ ဘုရားကြီး ဗိုက်ပေါက်တဲ့ နိမိတ်ကြောင့် ဘဝတွေ သေချာပေါက် ပျက်ကြရပါအုံးမယ်။ ပြည်သူတွေ မျက်ဝါးထင်ထင် မြင်ခွင့်ရကြပါလိမ့်မယ်။

မဟာမြတ်မုနိဘုရားကြီးဟာ အတုလံ အတုမရှိ အင်မတန် တန်ခိုးကြီးတဲ့ ဘုရားတစ်ဆူပါ။

ချစ်ကိုကြီး

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top