မတ်လ၂၈ ရက်က ပြင်းအား ရစ်ချ်စတာစကေး ၇ဒသမ၇ အဆင့်ရှိငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် နိုင်ငံတကာမှ စစ်ကောင်စီထံ ပေးပို့လှူဒါန်းထားသည့် ကူညီထောက်ပံ့ပစ္စည်းများ ယနေ့အထိ ငလျင်ဘေးသင့် သူများထံ မရောက်ရှိသေးကြောင်း မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ငလျင်ဘေးသင့်သူများထံက သိရသည်။
ပြင်းအားကြီး ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ ငလျက်ဘေးသင့်ဒေသများအတွက် နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် တောင်းဆိုခဲ့ပြီးနောက် နိုင်ငံအသီးသီးမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများ၊ ကျန်မားရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များကို ပေးပို့စေလွှတ်ထားကြသည်။