တာမွေမြို့မရဲစခန်းကို လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

တာမွေမြို့မရဲစခန်းကို လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေမြို့မရဲစခန်းကို လက်ပစ်ဗုံး ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း မြောက်ဥက္ကလာပမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေမြို့မရဲစခန်းကို လက်ပစ် ဗုံး ၃ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ရဲများ ထိခိုက်မှုရှိနိုင်သော်လည်း အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“ထိခိုက်မှုရှိနိုင်ပေမယ့် လက်ရှိတော့ မသိရသေးဘူး။ ရဲဘော်တွေတော့ ဘေးကင်းပါပြီ။” ဟု မြောက် ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် (ပကဖ)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြောက်ဥက္က လာ ပမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- တာမွေရဲစခန်း။ (ပုံအဟောင်းဖြစ်ပါသည်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top