ထိုင်း -မြန်မာနယ်စပ်၊ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ၏ ဗျူဟာမှူးအပါအဝင် စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ထိုင်း -မြန်မာနယ်စပ်၊ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ၏ ဗျူဟာမှူးအပါအဝင် စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း -မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထီးထ ဗျူဟာ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗျူဟာမှူးအပါအဝင် စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲ ယမ်းများလည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း Force for Federal – FFD တပ်ဖွဲ့မှ ဒုတာ ဝန်ခံ ကိုအောင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထဗျူဟာ စခန်းကို KNU/KNLA တပ်မဟာ ၄ ဦးဆောင်မှုဖြင့် FFD တပ်ဖွဲ့၊ PDF ရဲဘော်များ နှင့် တပ်မဟာ ဒရုန်းသင်တန်းသားများပူပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် ဗျူဟာမှူး နှင့်အတူ အများအပြားသေဆုံးမှုရှိပြီးလက်နက်ခဲယမ်းများလည်း အများအပြား သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

“ဗျူဟာမှူးအသေဖမ်းမိတယ်။ ရန်သူ့ဘက်က အကျအဆုံးစုစုပေါင်းအင်အားနဲ့ လက်နက် သိမ်း ဆည်းရရှိမှု ကတော့ စိစစ်နေဆဲဖြစ်တဲ့အတွက် သတင်းထုတ်ပြန်ချက်မရသေးပါဘူး။ ထီးထဗျူဟာ ကို KNU/KNLA တပ် မဟာ ၄ ရဲ့ စစ်ရေးဦးဆောင်မှုနဲ့အတူ ကျနော်တို့ Force For Federal -FFD တပ် ဖွဲ့၊ နောက်ပြီးတော့ PDF ၊ ကျနော်တို့ FFD အဖွဲ့ကနေ ဦးဆောင်ပြီးတော့ သင်ကြားပေးနေတဲ့ ဒရုန်း သင်တန်းသားတွေ စုပေါင်းပြီးတော့ တိုက် ခိုက်ခဲ့တာဖြစ်တယ်၊ ကျနော်တို့ တစ်ပတ်လောက်တိုက် ခိုက်ခဲ့ရတယ်။ ဗျူဟာမှူးကို အသေမိတာဖြစ်ပါတယ်။ စစ်ကောင်စီဆီကနေ လက်နက်ခဲယမ်းတွေ များစွာရရှိထားပေမယ့် ကျနော်တို့ သတင်းထုတ်ပြန်လို့မရသေးဘူး။ ဗျူဟာစခန်းဖြစ်တဲ့အတွက် အင် အား အသင့်အတင့်ရှိပါတယ်။ ဒီနေ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။” ဟု Force For Federal – FFD တပ်ဖွဲ့မှ ဒုတာ ဝန်ခံ ကိုအောင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဗျူဟာစခန်းကို ဧပြီလ ၁၂ ရက်နေ့ကတည်းက ပိတ်ဆို့ထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗျူဟာစခန်းအတွင်း၌ အင်အား ရာဂဏန်းရှိကာ တောင်ကုန်းနေရာတစ်လျှောက် စခန်း ၃ ခုခွဲကာ တပ်စွဲထားခြင်းဖြစ် ကြောင်း၊ ပြီးခဲ့သည့် ၂ ရက်ခန့်က ကျေးရွာအနီးရှိ ပထမစခန်းကုန်းကို ရရှိသိမ်း ပိုက်ခဲ့ကြောင်း၊ထို့နောက် ဆက် လက်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဧပြီလ ၁၉ ရက် ညနေ ၅ နာရီခန့်တွင် စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ Y12 ၊ K-8W ၊ Mi 17 ရဟတ် ယာဉ်တို့ဖြင့် ပစ်ကူပေးတိုက်ခိုက်မှုရှိခဲ့ပြီး ထီးခီးဒေသနေပြည်သူများမှာ နိုင်ငံဘက်သို့ ထွက် ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

“ဒီတိုက်ပွဲက ကျနော်တို့ ဒရုန်းသင်တန်းသားတွေကို သင်ကြားပြီးပြီးချင်း မြေပြင်လက်တွေ့ ဝင် ရောက်တိုက်ခိုက်ပြီးတော့ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။ ကျနော်တို့ FFD တပ်ဖွဲ့အနေနဲ့ကလည်း တနင်္သာရီတိုင်းမှာရော နောက် ထပ်အခြားဒေသတွေမှာပါ ရဲဘော်သစ်တွေစုဆောင်းနေတယ်။ ဒရုန်း နဲ့ဖြစ်စေ၊ နည်းပညာနဲ့ဖြစ်စေ၊ မိမိတတ် ကျွမ်းတဲ့အတတ်ပညာနဲ့ဖြစ်စေ ၊ မြေပြင်ချေမှုန်းရေးအနေနဲ့ ဖြစ်စေ ကျနော်တို့တပ်ဖွဲ့နဲ့အတူ ပါဝင်ပြီး စစ်အာ ဏာရှင်ကို တော်လှန် ချင်တယ်၊ ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စုကို အတူတကွ ထောင်ချင်တယ်ဆိုရင် ကျနော်တို့ရဲ့ Page မှာ လာရောက် ဆက်သွယ်ပြီးတော့ ရဲဘော်သစ်လျှောက်ထားလို့ရတယ်ဆိုတာ ပြောချင်ပါတယ်” ဟု Force For Federal – FFD တပ်ဖွဲ့မှ ဒုတာ ဝန်ခံ ကိုအောင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top