ကြို့ပင်ကောက် အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံး

ကြို့ပင်ကောက် အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း GBK BTZM GBK PDF – ပဲခူးရိုးမအခြေပြုတပ်ခွဲ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက် အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြို့ဘက်သို့ ဦးတည် ထွက်လာစဉ် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

Photo – လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုရွာ တိုက်ပွဲအတွင်း သေဆုံးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သား (ပုံဟောင်းဖြစ်သည်)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top