လိင်ဆက်ဆံရန် ငြင်းဆန်သည့် ထိုင်းလိင်ပြောင်းအမျိုးသမီးကို သတ်ဖြတ်ခဲ့ဟု တရုတ်နိုင်ငံသားပြော

လိင်ဆက်ဆံရန် ငြင်းဆန်သည့် ထိုင်းလိင်ပြောင်းအမျိုးသမီးကို သတ်ဖြတ်ခဲ့ဟု တရုတ်နိုင်ငံသားပြော

မိမိနှင့်လိင်ဆက်ဆံရန် ငြင်းဆန်သည့် ထိုင်းလိင်ပြောင်းအမျိုးသမီးတဦးကို ထိုင်းနိုင်ငံ ပတ္တရားမြို့၌သတ် ဖြတ်ခဲ့ကြောင်း ပြစ်မှုကျူးလွန်သူဟုသံသယရှိသူ တရုတ်အမျိုးသားကပြောသည်။

ထိုင်းလိင်ပြောင်းအမျိုး သမီးကိုသတ်ပြီးနောက် ခန္ဓာကိုယ်ကိုလှီးဖြတ်ဖွင့်ပြီး ကိုယ်တွင်းအင်္ဂါများကို ထုတ်ခဲ့ကြောင်း၊ အကြောင်း မှာ လိင်ပြောင်းအမျိုးသမီး၏ ခန္ဓာကိုယ်ကို စိတ်ထင်သလိုလျှောက်လုပ်ချင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ထို တရုတ်အမျိုးသားက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့၏ပြောကြားချက်အရ အသက် ၄၂ နှစ်ရှိ ဖူတုန်ယန်သည် ထိုင်းနိုင်ငံ၊ နောင်ခိုင်မြို့ဇာတိ အသက် ၂၅ နှစ်ရှိ လိင်ပြောင်းအမျိုးသမီးတဦးဖြစ်သော ဝွန်ရာနန်ပန်နာချားကိုသတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ ခဲ့သည်ဟု သိရသည်။

ဖူတုန်ယန်က ထိုင်းရဲများကို စကားပြန်မှတဆင့်ပြောကြားရာတွင် သူသည် ပြီးခဲ့သည့် ဧပြီ ၂၅ ရက် ညနေ ပိုင်းက တောင်ပိုင်း ပတ္တရားကမ်းခြေအနီး ဝွန်ရာနန်နှင့် တွေ့ခဲ့ကြောင်း၊ ယင်းနောက် WeChat အကောင့် အဆက်အသွယ် ဖလှယ်ရယူခဲ့ကြောင်း ပြောသည်။

ယင်းအချိန်က သူသည် ဝွန်ရာနန်ကို မွေးကတည်းက အမျိုးသမီးအဖြစ်မွေးလာသည့် တကယ့်အမျိုးသမီးအစစ်တဦးဟုထင်ခဲ့ကြောင်း ဖူတုန်ယန်ကပြောသည်။
ယင်းနောက် ဧပြီ ၂၅ ရက် ည ၉ နာရီခန့်တွင် ဝွန်ရာနန်က ဖူတုန်ယန်ကို ဆက်သွယ်လာခဲ့သည်။

သူတို့ နှစ်ဦးသည် ဖူတုန်ယန်ငှားရမ်းထားသည့်အခန်း၌ တွေ့ဆုံကြပြီး ဘတ် ၈,၀၀၀ အပေးအယူဖြင့် လိင်ဆက် ဆံရန် သဘောတူခဲ့ကြသည်။
သို့သော် နောက်ပိုင်းတွင် ဝွန်ရာနန်ကလိင်ဆက်ဆံရန်ငြင်းဆန်ခဲ့သည်ဟု တရုတ်အမျိုးသား ဖူတုန်ယန်က ပြောသည်။

ယင်းအတွက်ကြောင့် ပိုက်ဆံတဝက်ပြန်ပေးရန် ဖူတုန်ယန်က ဝွန်ရာနန်ကို တောင်းခဲ့သည် ဟု ဆိုသည်။ ဝွန်ရာနန်က ပိုက်ဆံတချို့တဝက် ပြန်ပေးခြင်းမရှိသည့်အတွက် နှစ်ဦးသား စကားများပြီးသတ်ပုတ်ကြ သည်။

ဝွန်ရာနန်က တရုတ်အမျိုးသား၏ မျက်နှာကို ကုတ်ခြစ်ပြီး သူ့ကို ခုတင်ပေါ်မှကန်ချခဲ့သည်ဟု ဆို သည်။ ယင်းနောက် တရုတ်အမျိုးသား ဖူတုန်ယန်က ခုတင်ပေါ်ပြန်တက်လာပြီး ဝွန်ရာနန်ကို အပေါ်မှခွ ကာ လည်ပင်းညှစ်သတ်ခဲ့သည်။

ထို့နောက် ဖူတုန်ယန်သည် ဝွန်ရာနန်၏ အသက်မဲ့ခန္ဓာကိုယ်ကို ရေအိမ်အခန်းတခုထဲ ဆွဲယူသွားပြီး ကတ် ကြေးဖြင့် ဝွန်ရာနန်၏ ရင်သားများကိုလှီးဖြတ်ဖွင့်ကာ ဆီလီကွန်များကို ဆွဲထုတ်ခဲ့သည်။

ဖူတုန်ယန်က သူသည် အလောင်းကို “စိတ်ထင်သလိုလျှောက်လုပ်” ပစ်ချင်သလို ခံစားမိခဲ့သည်ဟု ဆို သည်။ ယင်းအတွက်ကြောင့် သူသည် အလောင်းကို လည်ပင်းမှလိင်အင်္ဂါအထိ ကတ်ကြေးဖြင့် လှီးဖြတ် ဖွင့်ပြီး နှလုံးကို ထုတ်ယူခဲ့သည်ဟု ဖူတုန်ယန်က ရဲများကို ပြောသည်။

ယင်းနောက် သူသည် အလောင်းနှင့် သူ့ကိုယ်သူ ဆေးကြောခဲ့ပြီး အိပ်ယာဝင်၊ အိပ်စက်ကာ မနက်ပိုင်းတွင် နိုးလာခဲ့ပြီးနောက် လေယာဉ်ခရီးစဉ်တခုအတွက်လက်မှတ်မှာယူပြီး တရုတ်သို့ပြန်ရန် သုဝဏ္ဏဘူမိလေ ဆိပ်သို့ သွားရောက်ခဲ့သည်။ ယင်းနောက် သူသည် ဧပြီ ၂၆ တွင် စမွတ်ပရာကန် ပြည်နယ်ရှိ လေဆိပ်၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။

အဆိုပါ တရုတ်အမျိုးသားက သူ့အနေဖြင့် စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်နေသလားဆိုသည်ကို မသိရှိ ကြောင်းနှင့် အကြောင်းမှာ သူသည် ဘယ်တုန်းကမှ ဆေးစစ်ချက် လုပ်ဆောင်ခဲ့ခြင်း မရှိ၍ ဖြစ်ကြောင်း ပြောသည်။ သေဆုံးသူ ထိုင်းလိင်ပြောင်းအမျိုးသမီးက မိမိကိုတိုက်ခိုက်ခဲ့ပြီးနောက် မိမိအနေဖြင့် ကိုယ့် ကိုယ်ကို မထိန်းချုပ်နိုင်တော့ကြောင်း တရုတ်အမျိုးသားက ပြောသည်။ သူသည် တရုတ်၌ ဂဟေဆော်သူ တဦးဖြစ်ပြီး ထိုင်းသို့ သုံးကြိမ် လာရောက်ထားခဲ့ကြောင်း ပြောသည်။

သူ၏ ပထမဆုံးခရီးစဉ်တွင် သူသည် ခရီးသွားအဖွဲ့တခုနှင့် လာခြင်းဖြစ်သော်လည်း နောက်ဆုံး နှစ်ခေါက် တွင် သူသည် ထိုင်းသို့ တဦးတည်းလာခြင်းဖြစ်သည်။ အလောင်းမှ အဆုတ်များပျောက်နေမှုနှင့် ပတ်သက် ပြီး သူဘာမှလုပ်မထားကြောင်းနှင့် သူနှင့်မဆိုင်ကြောင်း ထိုတရုတ်အမျိုးသားက ပြောသည်။ ပြစ်မှု အတွက် ၎င်းက တောင်းပန်ခဲ့သည်။

သံသယရှိသူတရုတ်အမျိုးသားက ဝန်ခံထွက်ဆိုသလို ပြစ်မှုကို၎င်းကျူးလွန်ကြောင်း ခိုင်မာသည့်သက် သေအထောက်အထားတို့ကပြသနေကြောင်း ပတ္တရားရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး အာနက်ခ်ဆက်သုံ ယူကပြောသည်။ အသတ်ခံရသူ လိင်ပြောင်းအမျိုးသမီး၏အလောင်းမှ အဆုတ်များပျောက်နေသော် လည်း သံသယရှိသူအမျိုးသားကိုင်ဆောင်သည့် အိတ်ထဲတွင် ကိုယ်တွင်းအင်္ဂါမပါဘဲ သောက်ရေဗူးတဘူး သာလျင်ထည့်ထားကြောင်း ပတ္တရားရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top