ဟားလီးကွေ့စခန်းတိုက်ပွဲမှာ လက်နက်ချဖို့ ငြင်းဆန်တဲ့ စကစ ဗိုလ်ကြီးကို တပ်သားတွေက ပစ်သတ်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင် မယ်ရှောင်ကျေးရွာအနီးမှာ ဖြစ်ပွားတဲ့ ဟားလီးကွေ့စခန်း တိုက်ပွဲမှာ လက်နက်ချဖို့ ငြင်းဆန်ခဲ့ စကစ ဗိုလ်ကြီးကိုတပ်သားတွေက နောက်ကနေ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက် မနက်မှာ မောင်မယ်ရှောင်ကျေးရွာ အနီး ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဟားလီကွေ့ စခန်းကို တော် လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်စဥ် စကစ ဘက်က ဗိုလ် ကြီး တဦးသေဆုံးပြီး စကစ ၁၆ ဦးကို လက် နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စကစ တပ်သားတွေက စကစ ဗိုလ်ကြီးရဲ့ နောက်စေ့ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး လက်နက် ချခဲ့တာလို့ ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကို ကလည်း အတည်ပြုကြောင်း PVTV က ဖော်ပြပါတယ်။
ဟားလီးကွေ့စခန်း တိုက်ပွဲကို ထားဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA)ရဲ့ ဒူရကစစ်ကြောင်း ဉီးဆောင်မှုနဲ့ ဒေါနတပ်ရင်း ၊ချေမှုန်းရေးတပ်ခွဲ(၇)-(LPF)၊ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (YPPDF)၊ KNU တပ် မ ဟာ(၄)တပ်ရင်း(၁၂)တပ်ခွဲ(၅) ၊ ဉဩစစ်ကြောင်း ၊Dawei Guerrilla Revolutionary Force(DGRF)၊Tavoy People Liberation Force(TPLF)၊Sky Ghost Drone Force (SGDF)၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အရှေ့တောပြည်သူကာကွယ်ရေး အင်အားစုတို့ ပူးပေါင်း လုပ် ဆောင်ခဲ့တာလို့ သတင်းရရှိပါတယ်။