အခန်း ၁၃ သီးသန့်ထောင်
ဘာမားမင်ဂလီ(လ်)တွေ ဒေါက်တာစိုးကြည်၊ ဒေါက်တာမျိုးဆက်။
ဒီလူက လူယုတ်မာ အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်း မျက်နှာပေါက်ဆိုးဆိုး ဆရာဝန်ဂုဏ်သိက္ခာနဲ့ မညီတဲ့သူ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထပ်ကတည်းက အင်းစိန်ထောင်ရဲ့ ထောင်ဆရာ၀န်ကြီးတယောက်။
၁၉၈၈ မတ်လ၁၈ ရက်နေ့က ရန်ကုန်မြို့ထဲကနေ စစ်တပ်နဲ့ လုံထိန်းက ရန်ကုန်မြို့လမ်းမကြီးတွေပေါ်က ပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးပြီး လူ(၃၀)လောက်ဆို ကြပ်နေတဲ့ အချုပ်ကားတွေပေါ်ကို လူပေါင်း(၈၀)လောက်တင်ပြီး အင်းစိန်ထောင်ကို ပို့ခဲ့တဲ့ဖြစ်စဥ်မှာ အချုပ်ကားတွေထဲက တစီးမှာ လူ(၄၃)ယောက် အသက်ရှုကြပ် ကျိုးပဲ့၊ သွေးလွန်းသေခဲ့တဲ့အမှုမှာ ရန်ကုန်ဆေးရုံကြီးက မှု့ခင်ဆရာ၀န်ကြီး ဒေါက်တာ ဘာချွန်းနဲ့အတူ ထောင်ဆရာ၀န်ကြီး ဒေါက်တာစိုးကြည်လည်း တစ်ယောက်အပါအဝင်ပါ။
ထောင်မကြီးအလုပ်ကြီး၀င်းထဲ ထည့်ထားတဲ့အလောင်းတွေကို သေဆုံးမှု့ဆေးမှတ်တမ်း စစ်ချက်တွေ လုပ်ခဲ့တဲ့အခါ ကျန်ဆရာဝန်တွေရဲ့ထွက်ဆိုချက်နဲ့ ဒေါက်တာစိုးကြည်ရဲ့ ထွက်ဆိုချက်က မတူခဲ့ဘူးလို့ သိခဲ့ရတယ်။ အဲ့ဒီတုန်းက ဖုန်းမော်အရေးအခင်း စုံစမ်းရေးကော်မရှင်းက ဒေါက်တာစိုးကြည်ကို စစ်ဆေးတဲ့အခါ သူက ဘူးကွယ်ခဲ့ပြီး ဘာမှမသိဘူးပဲ ပြောခဲ့သူ။
ဒေါက်တာဘာချွန်းက ကားပေါ်မှာ သေဆုံးသူတွေကို သူကိုယ်တိုင်စစ်ဆေးခဲ့ရပါတယ်။ သူကိုယ်တိုင် ကိုဖုန်းမော်ဟာ လုံထိန်ပစ်ခဲ့တဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံခဲ့တာပါလို ထွက်ဆိုခဲ့တယ်။ အဲ့ဒီနောက် စစ်တပ်က အာဏာသိမ်တဲ့အချိန်မှာ ဒေါက်တာစိုးကြည်ဟာ အင်းစိန်ထောင်မှာပဲ ဆေးရုံအုပ်ကြီးပါ။
၁၉၉၀ စက်တင်ဘာ (၂၅)ရက်နေ့ အာဏာလွှဲပြောင်းရေး ထောင်တွင်းတိုက်ပွဲ (စာဥအရေးအခင်းမှာ) တိုက်ထဲက အစာငတ်ခံဆန္ဒပြသူတွေကို ရေပြတ်ခိုင်းခဲ့တာလဲသူပါပဲ။ အစာငတ်ခံဆန္ဒပြသူတွေကို ရေပြတ်လိုက်မယ်ဆို ၂ ရက်ကျော်ရင် အတော်ထိလာပြီး သပိတ်လှန်မယ်လို့သူက ထောင်ပိုင်ကြီး အုန်းဖေနဲ့ဒုချုပ် အုန်းဟန်ကို အကြံပေးခဲ့တဲ့ ဆရာ၀န်ယုတ်ပါ။
စာဥအရေးအခင်းမှာ တိုက်ထဲကို ထောင်ဝါဒါတွေ ၀င်စီးရိုက်နှပ်တဲ့အခါမှာ ဒုချုပ်အုန်းဟန်က လီးလှန်ပြသလို ဒီလူဟာ အုန်းဟန်နောက်ကလိုက်ပြီး ရိုက်လို့မေ့မျောနေသူတွေကို နားကျပ်ထောက်ပြီး နှလုံးခုန်နှုန်းစမ်း၊ သွေးခုန်နှုန်းစမ်းပြီး ထပ်ရိုက်ခိုင်းခဲ့သူတယောက်။
သူဟာ အင်းစိန်ထောင်ဆေးရုံအုပ်ဘ၀ တလျှောက်လုံးမှာ နိုင်ငံရေးအကျဉ်းသားတွေကို ချီးထုတ်တွေလို့ ပေါ်တင်ပြောခဲ့ပြီး ဆေးကုသမှု့ကောင်းကောင်း မပေးဘဲ ပျက်ကွပ်ခဲ့တဲ့ဆရာ၀န်ယုတ်ကြီးပါ။ ထောင်ပိုင်တန်းစီ၊ ညွှန်မှုးတန်းစီတွေမှာ အတူလိုက်ပါရပြီး ၅(ည)တွေက ကျန်းမာရေးတင်ပြတဲ့အခါ ရေသောက်ခိုင်းပြီး ဆေးမပေးခဲ့သူတယောက်။ သူလက်ထပ်မှာ မသေသင့်ပဲသေခဲ့ရတယ်။
ဆေးကုသမှု့ကောင်းကောင်း မရကြပဲ သေခဲ့ရတဲ့ နိုင်ကျဉ်းတွေ အများကြီးပါ။ ဒလအရေးအခင်းမှု့နဲ့ထောင်ကျခဲ့တဲ့ ဘဂျမ်းရဲ့ပြောပြချက်အရဆို အန်ကယ်ဦးခင်မောင်မြင့်ဟာ နှလုံးရပ်ပြီး အသက်မသေသေးပဲ ဒီလူက သေပြီးဆိုလို ရင်ခွဲရတဲ့အခါမှာ ဦးခင်မောင်မြင့်ရဲ့နှလုံးဟာ ဖြေးဖြေးလေးခုန်နေတုန်းပဲလို ပြောပြခဲ့ဖူးပါတယ်။
ဒီလိုလူယုတ်မာ ဆရာ၀န်တွေရဲ့လက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်ပေါင်းများစွာ စစ်ကျွန်ခေတ်ထဲမှာ ကျဆုံးစတေးပြီး တိုက်ပွဲ၀င်ခဲ့ရတယ်ဆိုတာ ကျနော်တို့မျိုးဆက် ထောင်တွင်းဖြတ်သန်ခဲ့သူတွေ သိကြပါတယ်။
ထွန်းထွန်း(အရေးတ်ာပုံတပ်သား)
၂၈-၀၇-၁၉