မင်းအောင်လှိုင်ကို နိုင်ငံကြီးများ၏ ခေါင်းဆောင်များနှင့် တစ်တန်း မထိုင်ခိုင်းဘဲ နောက်တန်းတွင် နေရာချထား

ရုရှားသမ္မတပူတင်က တည်ခင်းသည့် ရင်ပြင်နီ အောင်ပွဲ နှစ် ၈၀ ပြည့် ဂုဏ်ပြုကပွဲနှင့်ညစာစားပွဲတွင် မင်းအောင်လှိုင်ကို နိုင်ငံကြီးများ၏ ခေါင်းဆောင်များနှင့် တစ်တန်း မထိုင်ခိုင်းဘဲ နောက်တန်းတွင် နေရာချထား

ရုရှားသမ္မတပူတင်က တည်ခင်းသည့် ရင်ပြင်နီ အောင်ပွဲ နှစ် ၈၀ ပြည့် ဂုဏ်ပြုကပွဲနှင့်ညစာစားပွဲတွင် မင်းအောင် လှိုင်ကို နိုင်ငံကြီးများ၏ ခေါင်းဆောင်များနှင့် တစ်တန်းမထိုင်ခိုင်းဘဲ နောက်တန်းတွင် နေရာချထားကြောင်း ရုရှားအစိုးရနှင့် စစ်ကောင်စီက ထုတ်ပြန်သော ဓာတ်ပုံ၊ဗီဒီယိုမှတ်များအရ သိရှိရသည်။

ယမန်နေ့ မေလ ၈ ရက်နေ့ ညပိုင်း ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်သမ္မတ ရှီကျင့်ပင် အပါအဝင် နိုင်ငံ့ ခေါင်းဆောင်များကို ဂုဏ်ပြု ညစာ စားပွဲနှင့် ကပွဲ သို့ ဖိတ်ခေါ်ခဲ့ပြီး ယင်းပွဲတွင် အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အခြားနိုင်ငံငယ်များမှ ခေါင်းဆောင်များနှင့်အတူ နောက်တန်းတွင် နေရာချထားခဲ့သည်ကို တွေ့ရသည်။

ယမန်နေ့ည ဂုဏ်ပြု ညစာစားပွဲနှင့် ကပွဲကျင်းပရာ Andereevsky ခန်းမတွင် တရုတ်သမ္မတ ရှီကျင့်ပင်နှင့် ရုရှားသမ္မတ ပူတင်တို့က ရှေ့ဆုံးအတန်း တွင် တစ်တန်းတည်း ထိုင်ခဲ့ကြပြီး နောက်ဘက်ကျသော ထိုင်ခုံတန်းတွင် မင်းအောင်လှိုင်နှင့် အခြားနိုင်ငံငယ်များမှ ခေါင်းဆောင်များကို နေရာချထားပေးခဲ့သည်ကို မြင်တွေ့ရသည်။

ယနေ့ မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ် ၈၀ ပြည့် ချီတက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး မြန်မာစစ်တပ်လည်း ပါဝင်ချီတက်မည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top