အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှု ကြောင့် လှိုင်ကွယ်ကျေးရွာမှ ဆရာတော် ဘန္ဒဒ ဥူးသုဇာတ ပျံလွန်တော်မူ

ကော့ကရိတ်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှု ကြောင့် လှိုင်ကွယ်ကျေးရွာမှ ဆရာတော် ဘန္ဒဒ ဥူးသုဇာတ ပျံလွန်တော်မူ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှု ကြောင့် လှိုင်ကွယ်ကျေးရွာမှ ဆရာတော် ဘန္ဒဒ ဥူးသုဇာတ ပျံလွန်တော်မူသွားကြောင်း လှိုင်ကွယ်ကျေးရွာသားများက ပြောဆိုသည်။

ယမန်နေ့ မေလ ၉ ရက်နေ့ နံနက်ပိုင်း ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာအုပ်စု၊ လှိုင်ကွယ်ကျေးရွာ အတွင်းသို့ စစ်တပ်က သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာမှ လှိုင်ကွယ်ကျေးရွာ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘန္ဒဒ ဥူးသုဇာတမှာ သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆေးရုံတင်ပို့ရန် လုပ်ဆောင်နေစဉ်မှာင် ရရှိသော သေနတ်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။

” လက်နက်ကြီးက နေ့ရော ညရော ကိုးတိုင်ဘက်မှာရှိတဲ့ စကစတပ်တွေက ပစ်နေတာ၊ မနေ့မနက်ကတော့ လက်သုံးချောင်းအဖွဲ့ ၊ KNU အဖွဲ့ တွေရှိနေတယ်ဆိုတဲ့ အထင်နဲ့ စစ်တပ်က လှိုင်ကွယ်ကျေးရွာအတွင်းကို သေ နတ် တွေနဲ့ ပစ်တယ်။ အဲဒီလို စစ်တပ်က ပစ်တာကြောင့် ကျောင်းဝိုင်းထဲမှာနေတဲ့ ဆရာတော်ကိုထိသွားတယ်။ရွာက လူမှုကယ်ဆယ်ရေးကားခါ်ပြီးကော့ကရိတ်ဆေးရုံတင်ပို့ဖို့ လုပ်နေတုန်းမှာ ဆရာတော်က အသက်မရှိတာ့ဘူး” ဟု လှိုင်ကွယ် ရွာသားတစ်ဦးက ပြောဆိုသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသော လှိုင်ကွယ်ကျောင်းတိုက်ဆရာတော် ပျံလွန်တာ် မူသည့် ဈာပနအခမ်းအနားကျင်းပရန် လှိုင်ကွယ်ကျေးရွာမှာ လက်ရှိ အခြေအနေအရ တိုက်ပွဲဖြစ်ပွားနေသည့် ဧရိယာအတွင်းရှိနေသည့်အတွက် ဈာပနကို အကျဉ်းချုံး ပြုလုပ်ရန် ကော့ကရိတ်မြို့နယ်သံဃာ့မဟာ နာယက မြို့မကျောင်းတိုက်ဆရာတော်၊ တောင်ပေါ်ကျောင်းတိုက်ဆရာတော်တို့ထံသို့ အကြောင်းကြား လျှောက်ထားကြောင်း သိရှိရသည်။

စစ်တပ်က ကော့ကရိတ်၊ ကျုံဒိုး၊ တောင်ကြာအင်းဒေသအတွင်းသို့ ယခုနှစ် မတ်လမှ မေလအတွင်းလက်နက် ကြီး၊ ဒရုန်း၊ လေကြောင်းဗုံးကြဲမှုများ လုပ်ဆောင်ခဲ့ရာ ရဟန်းသံဃာတော်များအပါအဝင်အရပ်သား ၂၀ ဦးကျော်သေဆုံးပြီး ပြည်သူ ၃၀ဦးခန့်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယခုရက်ပိုင်းအတွင်း KNLA မဟာမိတ်တပ်များက ကိုးတိုင်၊တံတားကျိုး၊သုံးထပ်တိုက်နေရာများတွင်ရှိနေသည့်အကြမ်းဖက်စစ်ကာင်စီဂိတ်များကို တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ဒရုန်း၊လက်နက်ကြီးလေယာဉ်များဖြင့်ဗုံးကျဲမှု များဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top