ပုသိမ် တိုင်းလျှပ်စစ်အင်ဂျင်နီယာ( DE )နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ( AE )တို့နှစ်ဦး(ဆရာတပည့်)မှ တော်လှန်ရေးအင်အားစု(PDF)များကို သတ္တိရှိရင် မြို့ထဲဝင်လာခဲ့ဟု စိန်ခေါ်နေ

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊မြေနုလမ်း၊တိုင်းလျှပ်စစ်အင်ဂျင်နီယာ( DE )နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ( AE )တို့နှစ်ဦး(ဆရာတပည့်)မှ တော်လှန်ရေးအင်အားစု(PDF)များကို သတ္တိရှိရင် မြို့ထဲဝင်လာခဲ့ဟု စိန်ခေါ်နေကြောင်း သိရသည်။

တိုင်းအင်ဂျင်နီယာ( DE )ကြီးဇေယျ နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဇင်ကိုကိုမြင့် တို့သည် PDF ဆိုတဲ့ကောင်တွေကို စိန်ခေါ်တယ် ငါတို့ကိုသတ်လို့ရရင်လာသတ် ငါတို့ကလည်းပြန်ပစ်မယ် CDM ဆိုတဲ့ကောင်တွေကိုလည်း ငါတို့က ဂရုမစိုက်ဘူးလို့ပြောပြီး စိန်ခေါ်စကားပြောလေ့ရှိကြောင်း ဝန်ထမ်းတစ်ဦးထံမှ သိရသည်။

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ( AE ) ဇင်ကိုကိုမြင့်သည် ပုသိမ်ကိုစရောက်ကတည်းကဘယ်နေရာသွားသွား အရပ်ဝတ်နဲ့ covar ပေးနေတဲ့ guard (၂)ကောင် (၃)ကောင် မလှမ်းမကမ်းမှာအမြဲရှိနေသည်။ ဇင်ကိုကိုမြင့်၏ ယောက်ဖနှစ်ကောင်စလုံးသည် ခွေးတပ်ကအကောင်ကြီးကြီးများဖြစ်ပြီး သူ့အတွက် covar ထည့်ပေးထားတယ်လို့ သိရသည်။

ဇင်ကိုကိုမြင့် ယောက်ဖစစ်ခွေးတစ်ကောင်သည် နေပြည်တော်မှာတာဝန်ကျနေပြီး ကျန်တစ်ကောင်သည် ဧရာဝတီ(နတခ)ထဲရောက်နေကာ ဘောမိတိုက်ပွဲတွင် စစ်ရှုံး၍ ပြန်ဆုတ်လာသည့် အထဲတွင် ပါဝင်ကြောင်း သိရသည်။

ဇင်ကိုကိုမြင့်သည် ၂၀၂၄နှစ်က အကျင့်ပျက်ခြစားမှုဖြင့် အတိုင်ခံရကာနေပြည်တော်မှ လာ‌ရောက်စစ်ဆေးခြင်းခံရသော်လည်း အရေးယူမခံရကြောင်း သိရသည်။ သူနေရာတွင် အခြား‌သူတယောက်ဆို ရာထူးကျ/နယ်ပြောင်းရမှာဟုသိရသည်။ ကြီးဇေယျနှင့် ဇင်ကိုကိုမြင့်သည် နေပြည်တော်ပြန်မသွားရပဲ ဧရာဝတီမှာ အထိုင်ချနေလို့ရအောင် လာဘ်ထိုးထားကြောင်း သိရသည်။

EPC သည် မဆလ လက်ထက်မှ ယခုအချိန်ထိ အောက်ခြေဝန်ထမ်းတွေကလစာမလုံလောက်ည့်အတွက် စီးပွားရေးလုပ်ငန်ရှင်များကို လမ်းမီးမှ မီးခိုးသွယ်ပေးခြင်း၊ မီတာတွေ ငှားရမ်းခြင်း၊ မီတာခိုးရောင်းခြင်းဖြင့် ခိုးနည်းမျိုးစုံ ဖြင့်လုပ်စားနေကြောင်း သိရသည်။

အောက်‌ခြေဝန်ထမ်းများ လစာမလုံလောက်သဖြင့် နည်းမျိုးစုံဖြင့်ခိုးသော်လည်း အရေးမယူပဲ ကာကွယ်ပေးထားကြောင်း သိရသည်။ ကာကွယ်ပေးရခြင်းအကြောင်းသည် ၎င်းတို့၏ ခိုးထားမှုများကို ဖေါ်မည်စိုးရိမ်၍ ဖြစ်ကြောင်း၊ အောက်ကဝန်ထမ်းများကလည်း အရာရှိများခိုးတာကိုသိသော်လည်း မဖေါ်ရဲ၊ သူတို့၏ မရှိမဲ့ရှိမဲ့ အလုပ်ကလေးပျောက်ပြီး မိသားစုငတ်မှာစိုးရိမ်သည်တစ်ကြောင်း၊ ထို့ကြောင့် ရာထူးရှိသည့်ကောင်များမှ စီးပွားရေးသမားလုပ်ငန်းရှင်တများနှင့် ပေါင်းခိုးခြင်း၊ ရာထူးမရှိသူများကလည်း စီးပွားရေးသမားလုပ်ငန်းရှင်များ စွန့်ကြဲတာလေးများကို စားပြီးလိမ်နေကြကြောင်းသိရသည်။

” EPC(လျှပ်စစ်ဌာန)တစ်နိုင်ငံလုံး ဝန်ထမ်းတွေမဟုတ်ပဲ သူခိုးတွေဖြစ်ကုန်တယ် ပြည်သူတွေမှာတော့ အခက်အခဲမျိုးစုံကြားက အံကြိတ်ခံနေကြရကြောင်း ” သိရသည်။ လျှပ်စစ်ဌာနရဲ့ ယခုလက်ရှိအချိန် ပြည်သူတွေဆီမှ ခိုးနေသည့် မီတာ ကြွေးကျန်များသည် တရားလွန်ပြီး ကြောက်ဖို့ကောင်းသည့် လိမ်နည်း/ခိုးနည်းတစ်မျိုး ဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top