ပြည်သူများကိုအနိုင်ကျင့်စစ်ဆေး ငွေတောင်းနေသော ယာဉ်ထိန်းရဲများကို မိုင်းခွဲတိုက်ခိုက်

မြင်းခြံမြို့ပေါ်တွင် ပြည်သူများကိုအနိုင်ကျင့်စစ်ဆေး ငွေတောင်းနေသော ယာဉ်ထိန်းရဲများကို မိုင်းခွဲတိုက်ခိုက်မှု ရဲ ၁ ဦး အပြင်း အထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့ပေါ်၌ ပြည်သူများကို အနိုင်ကျင့်စစ်ဆေး ငွေတောင်းနေသော ယာဉ် ထိန်းရဲများကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြား သည်။

ယမန်နေ့ မေလ ၁၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က မြင်းခြံမြို့၊ ကားကြီးကွင်းမြောက်ဘက်တွင် ပြည်သူများအပေါ် အနိုင်ကျင့် စစ်ဆေးမှုများ ပြုလုပ်နေသည့် ယာဉ်ထိန်းရဲများကို Myingyan Black Tiger – MBT တပ်ဖွဲ့မှ ရဲဘော်များက မိုင်း ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်း ရဲ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး မြင်းခြံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“သေလားမသေလားတော့ ဆက်ပြီးသတင်းထောက်လို့မရဘူး။ ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်လို့ သိရ တယ်။ မိုင်းကတစ်လုံးတည်းရတယ်။ မိုင်းစစ်ဆင်ရေးလုပ်ဖို့က ၃ ခုပေါ့၊ စစ်သားတွေရှိတဲ့နေရာရော၊ ရဲရှိတဲ့နေရာရော၊ မော်တော်ပီကယ်ရှိတဲ့နေရာရော စုစုပေါင်း ၃ ခုလုပ်ဖို့ ၊ ဒါပေမယ့် စစ်သားရှိတဲ့ နေရာနဲ့ ရဲရှိတဲ့နေရာမှာ ပြည်သူတွေက အကြာကြီးရပ်ပြီး စကားတွေပြောနေတာ။ အဲဒီအတွက် ကြောင့်မို့လို့ မိုင်းခွဲလို့မရဘူးဖြစ်သွားတာ၊ ခွဲလိုက်ရင် ပြည်သူထိမှာကြောက်လို့ပေါ့။ အဲဒါကြောင့် မစ်ရှင် ၂ ခုကို ဖျက်ပြီးတော့ မော်တော်ပီကယ်ရှိတဲ့နေရာကိုပဲ ခွဲခဲ့လိုက်တာ။ အဲဒီနေရာမှာလည်း မော်တော်ပီကယ်က တစ်ယောက်တည်းရှိတဲ့ နေရာမှာဆိုတော့ အဲဒီတစ်ယောက်ကိုပဲခွဲလိုက်ရတာ၊ မိုင်းခွဲပြီးတော့ ၁၅ မိနစ်လောက်နေပြီး ပြန်သွားကြတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြား သည်။

Myingyan Black Tiger – MBTတပ်ဖွဲအနေဖြင့် မြင်းခြံမြို့အတွင်း စစ်ရေးမစ်ရှင် ၃ ခုကို တပြိုင် တည်းဖော်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ကျန်စစ်ရေးမစ်ရှင် ၂ ခုတွင် ပြည်သူအချို့က အချိန်ကြာ မြင့်စွာ စစ်ကောင်စီတပ် သားများနှင့် စကားပြောဆိုမှုများ ပြုလုပ်နေသောကြောင့် ယင်းမစ်ရှင်များကို ဖျက်သိမ်းပြီး ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“မြို့တွင်းစစ်ဆင်ရေးလုပ်တာက ပြင်ပတိုက်ပွဲဖော်ဆောင်တာနဲ့ မတူပါဘူး။ ပြင်ပမှာ တိုက်ပွဲဖော် ဆောင်တဲ့အခါမှာ ကျနော်တို့က နည်းနည်းလေးလွတ်လပ်တယ်။ တိုက်ရတဲ့အနေအထားမှာ ပိုပြီး တော့အဆင်ပြေတာပေါ့၊ ရန်သူကို မျက်နှာချင်းဆိုင်ယှဉ်တိုက်ရတာ၊ ဒီမြို့တွင်းစစ်ဆင်ရေး လုပ်တဲ့ အခါမှာတော့ အချိန်မရွေး အသက်အန္တရာယ် စိုးရိမ်ရတယ်။ အဖမ်းခံရနိုင်တယ်။ အဲလိုအနေအထား အခက်အခဲတွေကြားထဲကနေလုပ်ရတာဖြစ်တယ်။ မြို့တွင်းမစ်ရှင်တစ်ခုဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့်အချိန်အခါကောင်းမှာ လုပ်နိုင်အောင်ကြိုးစားခဲ့တယ်။ လုပ်ဖို့အတွက်လည်း အဆင်ပြေခဲ့ တယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ အခုလိုမျိုး စကားရပ်ပြောတဲ့အခါမှာ ကျနော်တို့က စစ်ကောင် စီသေဖို့ထက် ပြည်သူမထိဖို့ ဦးစားပေးတဲ့ တပ်ဖြစ်တဲ့အတွက်ကြောင့် မစ်ရှင်ပျက်စီးဆုံးရှုံးခဲ့ရပါ တယ်။ အဲဒီအတွက်လည်းစိတ်မကောင်းဘူး။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ နောက်နောင်ဒီတွေ မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံယာဉ်ထိန်းရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

Leave a Comment