ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အ နောက်ဘက်ကမ်းရှိ ကျေးရွာချင်းဆက်လမ်းပိုင်းတစ်ခုတွင် စစ်ကောင်စီတပ်ကထောင်ထားသည့် နင်းမိုင်းများကို ဖယ်ရှားရှင်းလင်းခဲ့ရာအလုံး ၂၀ ကျော် ဖယ်ရှားနိုင်ခဲ့ကြောင်း အမှတ် ၂ စစ်ဒေသ၊ တောင်ပိုင်းတိုင်းဗျူဟာ၂၃၊တပ်ရင်းအမှတ် ၃၅၀၄ က ယနေ့(မေလ ၁၈ ရက်)ထုတ်ပြန်သည်။
မေလ ၁၅ ရက်ကရေတာရှည်ဘက်မှ စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီတပ်သားများသည် ကွမ်းအုံးနှင့် သဖန်းဇင်ကျေးရွာ ပြည်သူများသွားလာဖြတ်သန်းနေသော မိန်းလမ်းမကြီးပေါ်တွင် M-2 အမျိုးအစား နင်းမိုင်းအလုံး ၇၀ ခန့် ထောင်ထားခဲ့ကြောင်း ဖော်ပြသည်။
ထို့ကြောင့် ယနေ့(မေလ ၁၈ ရက်)တွင် စစ်တောင်းမြစ်အရှေ့ခြမ်း နယ်မြေခံတပ်ရင်းဖြစ်သော ၃၅၀၄ ၊ ပကဖ အဖွဲ့များနှင့် နေပြည်တော် အလယ်ပိုင်းတိုင်း ၈၀၅ တပ်ရင်းတို့ ပူးပေါင်းပြီးသွားရောက်၍ မိုင်း၂၃ လုံးအား ရှင်းလင်းဖယ် ရှားသိမ်းဆည်းခဲ့သည်ဟု အသိပေးသည်။
“ရှင်းလင်းရမယ့်မိုင်းတွေ ဆက်ရှိနေသေးတယ်။ဒါပေမယ့် ဒီနေ့ကျနော်တို့မိုင်းရှင်းနေတဲ့အချိန်မှာသခွဲကျဲရွာဘက်ကို စကစ တွေရောက်လာလို့ အ ခြေနေအရ ရှင်းပြီးတဲ့မိုင်းတွေ သိမ်းဆည်းပြီး တပ်ပြန်ဆုတ်ခဲ့လိုက်တယ်”ဟု တပ်ရင်း ၃၅၀၄ မှ ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါစစ်တပ်စစ်ကြောင်းသည်အမှတ်(၆)စစ်ဆင်ရေးဌာနချုပ်လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ(၈၄)၊ ခလရ(၂၆)၊ ခလ ရ(၃၉)တို့ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ပြီး ဒိုးတန်းရွာနှင့် နှောပင်ရွာတို့တွင် အထိုင်ချတပ်စွဲထားကြောင်း ၎င်းက ဆက်ပြောသည်။
စစ်တပ်အထိုင်ချနေရာများ၏အနီးဝန်းကျင်ကျေးရွာလမ်းပိုင်းအချို့တွင် မိုင်းများထောင်ထားခြင်းကြောင့် စစ်တောင်းမြစ်အ နောက်ဘက်ကမ်းရှိ ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန်နှင့် ပတ်ဝန်းကျင်အား အထူးဂရုစိုက်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိ ပေးနှိုးဆော်ထားသည်။
(စစ်ကောင်စီတပ်က ကျေးလက်လမ်းပိုင်းတစ်ခုတွင် ထောင်ထားသောမိုင်းများကို PDF ရဲဘော်များက ဖယ်ရှားသိမ်းဆည်းနိုင်ခဲ့သည်။ဓာတ်ပုံ – တပ်ရင်း ၃၅၀၄)