ကလေးမှာ ပျူစောထီးတွေက အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲဖို့ကြိုးစား
ဒေသခံတွေဝိုင်းဖမ်းလို့ ထွက်ပြေးရပြီး သေနတ် ၊ လက်ပစ်ဗုံးနဲ့ ဖုန်းတွေကျန်ရစ်ခဲ့
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း ဘုံတောကျေးရွာမှာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲဖို့ကြိုးပမ်းတဲ့ ပျူစော ထီးနှစ်ယောက်ကို ဒေသခံတွေကဝိုင်းဝန်းဖမ်းဆီးလို့ သေနတ်နှစ်လက်သိမ်းဆည်းရမိပြီး ပြည်သူနှစ်ဦးဒဏ်ရာရ ရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ် တွေက ပြောပါတယ်။
စစ်အုပ်စုလက်အောက်ခံ ပျူစောထီးနှစ်ဦးဟာ ပြီးခဲ့တဲ့ မေလ ၁၅ ရက် ညပိုင်းမှာ ဘုံတောကျေးရွာရှိ နေအိမ်တစ် အိမ်ကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ ပျုစောထီးနှစ်ဦးကို ကျေးရွာဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးရာမှာ ထွက်ပြေးလွတ်မြောက်သွားပေမဲ့ ကျန် ရစ်ခဲ့တဲ့ သေနတ်နှစ်လက်၊ လက်ပစ်ဗုံးနှစ်လုံးနဲ့ လက်ကိုင်ဖုန်းနှစ်လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသခံတစ်ဦး ကပြောပါတယ်။
“အဲ့ဒီ အိမ်က ဆရာမအိမ်။ ဆရာမက ရိုးရိုးယဉ်ယဉ်လေး။ အဲ့ဒီကို ပျူစောထီးတွေကလာတောင်းတာ။ သူ့က အိမ် မှာရှိမနေဘူး။ သူ့အဖေပဲရှိတာ။ သူ့ အဖေလည်း လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်တယ်။ သူ့သမီးကိုလည်း ခေါ်ခိုင်း တယ်။ အဲ့ဒါ ဝိုင်းဖမ်းကြတာ။ လူကတော့လွတ်သွားတယ်။ သေနတ်နှစ်လက်နဲ့ဗုံးနှစ်လုံးရတယ်” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
ပျူစောထီးနှစ်ဦးဟာ ပြန်ပေးဆွဲလိုတဲ့ အမျိုးသမီးကို နေအိမ်မှာ မတွေ့ရတဲ့အတွက် နေအိမ်မှာရှိနေတဲ့ ဖခင်ဖြစ် သူ ကို ကြိုးတုတ်ပြီး ရိုက်နှက် နှိပ်စက်ထိုးကြိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
ပြန်ပေးဆွဲဖို့ရောက်လာတဲ့ ပျူစောထီးနှစ်ယောက်ဟာ ဘုံတောစစ်အုပ်စုဂိတ်မှာ တာဝန်ကျနေသူတွေဖြစ်ပြီး ဒေ သခံတွေ ဝိုင်းဝန်းဖမ်းဆီးချိန် သေနတ်နဲ့ပြန်လည် ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသားနှစ်ဦး ကျည်ထိမှန်ဒဏ် ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
” အစက ဓါးပြတိုက်တယ်ထင်ကြတာ။ မဟုတ်ဘူး။ ပြန်ပေးဆွဲတာ။ ကောင်မလေးကိုခေါ်ခိုင်းတယ်။ အဲ့ဒါ ရွာက လူတွေဖမ်းကြတော့သေနတ်နဲ့ပြန်ပစ်လို့ နှစ်ယောက် ဒဏ်ရာရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကလေးမြို့နယ်မှာ စစ်အုပ်စုနဲ့ ပျူစောထီး အပေါင်းအပါတွေက ဘုံတောကျေးရွာ၊ အဖွဲ့စက် စစ်ဆေးရေးဂိတ်၊ မြို့ ဝင်ဂိတ်တွေအားလုံး ပိတ်ထားပြီး ဖမ်းဆီးငွေညှစ်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်တွေဟာ ကျီးကုန်း၊ တောင်အူ၊ ကံပုလဲအရှေ့ ရွာ၊ ကျောင်းတိုက်ကျေးရွာတွေမှာ ပျူစောထီး တွေကို လက်နက်တပ်ဆင်ပေးထားပြီး ဒေသခံတွေကိုကင်းစောင်းခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကလေးမြို့ တောင်သူတစ်ဦးက ပြောပါတယ်။
“နွားလှန်သွားတာကအစ လက်မှတ်ထိုးရတယ်။ ညဆို အလှည့်ကျ ကင်းစောင့်ရတယ်” လို့ အဆိုပါ တောင်သူက ဆိုပါတယ်။
ကလေးမြို့မှာ အာဏာသိမ်းလေးနှစ်ကျော်အတွင်း စစ်အုပ်စုနဲ့ပျူစောထီး အပေါင်းအပါတွေက မြို့ပေါ်ရပ်ကွက် ဖြစ်တဲ့ အောင်သစ္စာရပ်ကွက်မှာ ဓါးပြတိုက်မှု လေးကြိမ်ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့ပေါ်က စစ်အုပ်စုစစ် ဆေးရေးဂိတ်တစ်ခုကို တွေမြင်ရစဉ် (ပုံဟောင်း)