တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူကို PSMS နည်းပညာအသုံးပြု၍ မိုင်းနောင်မြို့နယ်တွင် ဖမ်းဆီး

နမ့်စန်မြို့တွင်လည်း အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

စစ်တပ်အနေနဲ့ PSMS နည်းပညာကို နိုင်ငံအနှံ့အပြားမှာ အသုံးချပြီး တော်လှန်ရေးမှာ ပါဝင်ပတ်သက်နေသူတွေကို လိုက်လံဖမ်းဆီးနေတာဟာ အချိန်ကာလတစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မေလ ၂၂ရက်နေ့ ညနေပိုင်းက မိုင်းနောင်မြို့နယ်၊ လဲချား မိုင်းနောင်-ကျေးသီး လမ်းဆုံမှာ စစ်တပ်က ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်‌‌တွေကို စစ်ဆေးခဲ့ပြီး ကျေးသီးမြို့ဘက်မှ နမ့်စန်မြို့ဘက်ကို မောင်နှင်လာတဲ့ တောင်ပေါ်သား ခရီးသည် ယာဉ်လိုင်းပေါ် က ခရီးသည်များကို PSMS Software နဲ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်ပေါ်မှာ ဒဂုံတောင်မြို့နယ်မှာနေထိုင်တဲ့ အသက် ၂၅နှစ်အရွယ် မချစ်စု ဆိုသူကို တရားခံပြေးတစ်ဦးအဖြစ် စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်တပ်လက်ဝေခံ မီဒီယာတွေက ဖေါ်ပြထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် မေလ ၂၅ရက်‌နေ့ မနက်ပိုင်းကလည်း နမ့်စန်မြို၊ ထင်းရှူးမြိုင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာတဲ့ ခရီးသည်တွေကို PSMS Software နဲ့ စစ်ဆေးခဲ့ရာ နမ့်စန်မြို ဘက်မှ တောင်ကြီးမြိုသိုပြေးဆွဲနေတဲ့ ထူးဆန်းယာဉ်လိုင်းမှ ပရိုဘောက်/အဖြူရောင်ကားပေါ်မှာ နမ့်စန်မြို့၊ အမှတ် ၁ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၆နှစ်အရွယ် မနန်းချယ်ရီထွန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(ည)နဲ့ အမှုဖွင့်လှစ်ခံထားရသူတစ်ဦးဖြစ်ကြောင်း တွေ့ရှိရတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အတွင်းက မြို့နယ်တိုင်းလိုလိုမှာ မကြာခဏဆိုသလို ဧည့်စာရင်းဝင်စစ်တာ၊ လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်‌ဆောင်နေပြီး တော်လှန်ရေးမှာ ပါဝင်ပတ်သက်နေတဲ့ လူငယ်တွေအနေနဲ့ ရန်ကုန်မြို့ကနေ တိမ်းရှောင်ပါကလည်း မြို့နယ်တိုင်းနီးပါးက စစ်ဆေးရေး ဂိတ်တွေမှာ PSMS နည်းပညာကို အသုံးပြုပြီး စစ်ဆေးတာတွေ ရှိနေတာကြောင့် လူငယ်အတော်မျာများဟာ ဖမ်းဆီးခံနေရတာကို တွေ့မြင်နေရပါတယ်။

PSMS (Person Scrutinization and Monitoring System )ဆိုတာဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို စစ်ဆေးကြည့်ရှုခြင်းနဲ့ ထိန်းသိမ်းဆောင်ရွက်မှုများကို တိကျစွာ စောင့်ကြည့်နိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

PSMS ကို AI, Facial Recognition, CCTV Analysis, Biometric Data နည်းပညာတို့နဲ့ တည်ဆောက်ထားတာဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ သီးသန့်ကိုယ်ရေးအချက်အလက်များကို အလွယ်တကူ စောင့်ကြည့်နိုင်တဲ့ နည်းပညာပဲဖြစ်ပါတယ်။

အဆိုပါ PSMS နည်းပညာကို တရုတ်နိုင်ငံရဲ့ Huawei နည်းပညာကုမ္မဏီက စစ်တပ်အတွက် ကူညီပေးနေတာဖြစ်ပါတယ်။

AAMIJ အနေနဲ့ မတ်လ ၁၇ရက်နေ့ကလည်း “စစ်တပ်က PSMS နည်းပညာဖြင့် တော်လှန်ရေး လူငယ်များကို ဖမ်းဆီးနေ” ဆိုတဲ့ သတင်းကို ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။

Leave a Comment