ရခိုင်ပြည်နယ်တိုးတက်ဖွံ့ဖြိုးမှုအကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ စစ်ကောင်စီ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ထိန်လင်း စီစဉ်နေ

“ရခိုင်ပြည်နယ်တိုးတက်ဖွံ့ဖြိုးမှုအကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ စစ်ကောင်စီ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ထိန်လင်း စီစဉ်နေ”

ရခိုင်မြောက်ပိုင်းတွင် စစ်တွေမြို့တခုတည်းသာ ထိန်းချုပ်ထားနိုင်တော့သည့် စစ်ကောင်စီသည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို နေပြည်တော်က စစ်ခေါင်းဆောင်အကြီးအကဲများနှင့် နိုင်ငံခြားသားများကို ပြရန်အတွက် Documentary အဆင့်မြင့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

စစ်ကောင်စီ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ထိန်လင်းက ဉက္ကဌအဖြစ် ကြီးကြပ်ကာ ရခိုင်စစ်ကောင်စီ အစိုးရအဖွဲ့၏ လုပ် ငန်းကိုင်တာများ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများပါဝင်မည်ဟု သိရသည်။

မှတ်တမ်းရုပ်ရှင်တွင် ကျောက်ဖြူ ကမ်းလွန်သဘာဝဓာတ်ငွေ့စခန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ များ တင်ပို့မှုအခြေနေအပါဝင်၊ ရှေးဟောင်းယဉ်ကျေးမှု့ အမွေအနှစ်ဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းများ၊ လမ်းတံတား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများ ပို့ဆောင်ပေးခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Comment