“စစ်တွေ ဘယ်တော့လဲ”

ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်တဲ့ ခမရ (၅၅၀) ကို ရက္ခိုင့်တပ်တော် AA က မတ်လ (၄) ရက်နေ့မှာ အပြီးပိုင် သိမ်းပိုက်လိုက်လို့ ပုဏ္ဏားကျွန်းမြို့လဲ Sold Out ဖြစ်သွားပြီ။

ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်နယ် အတွင်းမှာ အကြမ်းဖက် စစ်သားတွေကို တစ်ယောက်မှ ချန်မထားပဲ အပြီးတိုင် ချေမှုန်းသုတ်သင်သွားမယ်လို့ တရားဝင် ကြေညာထားခဲ့ပြီးသား။ အခုနောက်ပိုင်း ရက္ခိုင့်တပ်တော် AA က စစ်ရှုံးကောင်စီရဲ့ တပ်ရင်းတစ်ခုကို တိုက်ခိုက်ရင် (၅) ရက်ထက် ပိုမကြာတော့ဘူး။

စစ်တွေရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ မြို့တွေအားလုံးကိုလဲ ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ခဲ့ပြီးသွားပြီ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဆိုရင် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော (၃) မြို့ပဲ ကျန်တော့တယ်။

အဲ့ဒီ (၃) မြို့ ဆိုတာကလဲ ရက္ခိုင့်အိမ်ထဲက ကြက်။ ဘယ်အချိန် ရိုက်ချက်ချက်။

စစ်ရေးအရ ရခိုင်ပြည်နယ်မှာ အဓိက အရေးပါတဲ့ မြို့ (၂) မြို့ရှိတယ်။ အမ်းနဲ့ စစ်တွေ။ အမ်းက စစ်ရှုံးကောင်စီရဲ့ နပခ စစ်ဌာနချုပ် တည်ရှိပြီး ကုန်းတွင်းပိုင်းကျတယ်။ စစ်တွေက ပြည်နယ်မြို့တော်ဖြစ်ပြီး ပင်လယ်ရှိတော့ ရေတပ်ကိုပါ ရင်ဆိုင်ရမယ်။

ဘယ်မြို့ကိုပဲ တိုက်တိုက် ရက္ခိုင့်တပ်တော် AA အတွက်ကတော့ မထူးခြားဘူး။ တိုက်ရင် ရမှာပဲ။

မှတ်မိကြသေးလား။ လွတ်လပ်ရေး ညစာစားပွဲမှာ မင်းအောင်လှိုင်က နေပြည်တော်မှာ မောင့်ကျက်သရေ ခေါင်းပေါင်းကြီး စွပ်ပြီး ပျော်ပါးနေချိန် လောက်ကိုင်မှာ ဗိုလ်မှူးချုပ် (၆) ယောက်က သမိုင်းဝင် လက်နက်ချပွဲကြီး ကျင်းပပြီးတော့ ညီနောင် (၃) ဖော်နဲ့ အရက်ခွက် တိုက်နေခဲ့ကြတယ်။

မတ်လ (၂၇) ရက် ဖက်ဆစ်တော်လှန်ရေးနေ့။ မင်းအောင်လှိုင်က အမိုးဖွင့် ကားကြီးစီးပြီး ဂုဏ်ဆာနေချိန်မှာ ရခိုင် စစ်မြေပြင်က ဖက်ဆစ်ကောင်တွေ ဘဝက ဘာတွေဖြစ်နေမလဲ စိတ်ဝင်စားစရာ..။


Comments

Leave a Reply

Your email address will not be published. Required fields are marked *