KNU ရဲ့စစ်ရေးမှတ်ချက်ကြောင့် နေပြည်တော်မှာလှုပ်လှုပ်ရှားရှားဖြစ်နေ

KNU အနေနဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းကျယ်ပြန့်လာနေပြီး မြို့သိမ်းတိုက်ပွဲတွေထက်စစ်ကောင်စီရဲ့ ဗဟိုချက်ဖြစ်တဲ့ နေပြည်တော်ကို ဘယ်လိုထိုးဖောက်သွားရမလဲဆိုတာစဉ်းစားရမယ်လို့KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောလိုက်ပါတယ်။ ဒါကတော့ KNUကတရားဝင်ထုတ်ပြန်တဲ့ နယ်မြေစိုးမိုးရေးဆိုင်ရာတွေ့ဆုံ မေးမြန်းခန်းမှာ အခုလိုပြောဆိုခဲ့တာပါ။

တစ်ဖက်မှာလည်း စစ်ကောင်စီက နေပြည်တော်မှာခုခံစစ်အပြင် တန်ပြန် ထိုးစစ်အတွက်ပြင်ဆင်နေပြီးပြည်သူ့စစ်တွေကိုလည်းအပူတပြင်းစုဆောင်းနေကာ လက်နက်တွေတပ်ဆင်ပေးပြီးစစ်ရေးလေ့ကျင့်ပေးနေတဲ့ သတင်းတွေထွက်နေပါတယ်။ စစ်ကောင်စီက အာဏာသိမ်းယူခဲ့တဲ့သုံးနှစ်တာကာလ အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် PDF တပ်ဖွဲ့ဝင်တွေဟာကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း အတွင်းက သံတောင်၊ လိပ်သို၊ ကျောက်ကြီး၊ ရွှေကျင်၊ မုန်းစတဲ့ဒေသတွေမှာစိမ့်ဝင်ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

ဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>>


Comments

Leave a Reply

Your email address will not be published. Required fields are marked *