စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ ဆေးရုံ၊ ဈေးအနီးတွင် ဘန်ကာတွေ ဆောက်ပြီး အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားတွေကို မတ်လ ၂ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်က တော်လှန်ရေးမဟာမိတ်တွေ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သား ၃ ဉီးသေဆုံးပြီး ၇ ဉီးဒဏ်ရာရရှိသွားကာ အကြမ်းဖက်စစ် သားတွေ ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ၂ ဉီး အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
တော်လှန်ရေးမဟာမိတ်တွေဘက်မှ ရဲဘော် ၁ ဉီးလည်း ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အထက်ပါစစ်ဆင်ရေးကို Royal Brotherအဖွဲ့၊ သေမင်းတမာန်(Salingyi)၊ Salingyi People’s Defence Force – SPDFအဖွဲ့နှင့် အခြားမဟာမိတ်တပ်များက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲသတင်းထုတ်ပြန်ချက်
2.3.2024ရက်နေ့ မနက် (8)နာရီခန့်တွင်
ကျွန်တော်တို့ Royal Brotherအဖွဲ့၊ သေမင်းတမာန်(Salingyi)၊ Salingyi People’s Defence Force – SPDFအဖွဲ့နှင့်အခြားမဟာမိတ်တပ်များပူးပေါင်းပြီး ဆားလင်းကြီးမြို့ပေါ် စကစများ တပ်စွဲထားသော ဆေးရုံးအနီး၊ ဈေးအနီး ဘန်ကာများထံသို့လက်နက်ကြီး၊လက်နက်ငယ်များဖြင့်အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
အပြန်အလှန်ပစ်ခတ်ကြာချိန် ၁နာရီခန့်ကြာမြင့်ပြီး စကစဘက်မှ ၃ဦးသေးဆုံးပြီး ၇ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့အတည်ပြု သိရပါတယ်။အကြမ်းဖက်စကစများ အထိနာပြီး ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ကျွန်တော်တို့ မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။
ယခုMissionတွင် ကျွန်တော်တို့ Royal Brothers People Defence Force အဖွဲ့မှ (၆၀)မမ ပြောင်း ကွဲသွားသဖြင့် မိဘသူပြည်သူများအနေနဲ့ကူညီထောက်ပံ့လှူဒါန်းပေးရန်တောင်းခံအပ်ပါသည်။
ယခုလို Missons ဖော်ဆောင်ရာတွင်လည်း လိုအပ်သော လက်နက်ခဲယမ်းများဝယ်ယူရန်အတွက်ပြည်သူများမှ ဝိုင်းဝန်းလှူဒါန်းပေးကျပါရန် ကျွန်ုပ်တို့အဖွဲ့သားများမှ မေတ္တာရပ်ခံ တောင်းဆိုပါရစေခင်ဗျ🙏
Leave a Reply